• Follow Us on

Home တရုတ်နှင့် အိန္ဒိယတို့သည် ပုဂံဒေသတွင် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို အကြီးမားဆုံးအကူအညီ ပေးနေ

တရုတ်နှင့် အိန္ဒိယတို့သည် ပုဂံဒေသတွင် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို အကြီးမားဆုံးအကူအညီ ပေးနေ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၂

 

တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံသည် ပုဂံဒေတွင်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို အကြီးမားဆုံး အကူ အညီပေးနေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ပြောသည်။

 

သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရန်အတွက် တရုတ်ပညာရှင်အဖွဲ့မှ Conservation Plan တင်ပြလာခြင်းနှင့် ပတ်သက်၍ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ထိန်းသိမ်းစီမံခန့်ခွဲရေး (Conservation and Management Team for Bagan World Heritage Site -CMTB) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက် နေ့၊ နံနက် ၉ နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်း၌ ကျင်းပခဲ့ရာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသ ကြီး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြား ရေးမှူးများ၊ အ‌ဆောက်အဦ အထူးအဖွဲ့(၇) မှ ဒုတိယညွှန်ကြားရေးမှူး၊ Shanxxi Institute for the preservation of Culture Heritage မှ တရုတ်ပညာရှင်များ၊ အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) မှ ပညာရှင်များ၊ ပုဂံဌာနခွဲမှ အင်ဂျင်နီယာများနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ခဲသည်။

 

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က တရုတ်ပညာရှင်များဘက်မှ Conservation Plan ကို အသေးစိတ် လေ့လာပြင်ဆင်ထားသည်ကို တွေ့ရကြောင်း၊ အလားတူပင် ပြည်တွင်းပြည်ပ ပညာရှင်များထံသို့အကြံပြုချက် များ တောင်းခံထားကြောင်း၊ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံသည် ပုဂံဒေတွင်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း များကို အကြီးမားဆုံး အကူအညီပေးနေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ သဗ္ဗညုဘုရား ရေရှည်ကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရန်ထိန်းသိမ်းရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း၊ ဌာနမှ တွဲဖက် တာဝန်ပေးထားသည့် ဝန်ထမ်းများကိုလည်း လေ့ကျင့်ပညာပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ ပြောကြားခဲ့သည်။

 

တရုတ်ပညာရှင်များမှလည်း ဘုရားကြီး၏ ထိန်းသိမ်းရေးအစီအမံများနှင့်ပတ်သက်၍ တက်ရောက်လာသူ များနှင့် အပြန်အလှန်ဆွေး‌နွေးခဲ့ကြပြီးပြည်တွင်းပြည်ပ ပညာရှင်များထံမှ အကြံပြုချက်များနှင့် မှတ်ချက်များ ထပ်မံရရှိပါက ဆက်လက်ဆွေးနွေး၍ အကောင်းဆုံးနည်းလမ်းများဖြင့် သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်း သွားနိုင်ရန် ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။

 

#Newvisionmedia


Share this post