• Follow Us on
Latest News

Home ဖားကန္႔ၿမိဳ႕တြင္ ရခိုင္ႏွင့္ ရန္ကုန္မွ လာသူမ်ားကို Quarantine ထားရွိမည္

ဖားကန္႔ၿမိဳ႕တြင္ ရခိုင္ႏွင့္ ရန္ကုန္မွ လာသူမ်ားကို Quarantine ထားရွိမည္

Share this post

ဖားကန္႔၊ စက္တင္ဘာ ၃

ဖားကန္႔ၿမိဳ႕နယ္တြင္ ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္ၿမိဳ႕တို႔မွ ျပန္လာသူမ်ားကို အသြားအလာ ကန္႔သတ္မည္ျဖစ္ ၾကာင္း ဖားကန္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးမွ သိရသည္။

ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔မွာ ၾသဂုတ္လ မွ စတင္ကာ ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားသူမ်ား လာတာေၾကာင့္ အခုလို အသြားအလာကန္႔သတ္မႈေတြ ျပဳလုပ္ရတာျဖစ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးဖုန္ဂရိန္ကေျပာသည္။

“ကၽြန္ေတာ္တို႔ၿမိဳ႕မွာက အခုရက္ပိုင္းအတြင္းမွာ ဒီေရာဂါျဖစ္ပြားေနတဲ့ ရန္ကုန္၊ ရခိုင္ဘက္ျပန္လာရင္ အသြားအလာ ကန္႔သတ္ေနၿပီျဖစ္တယ္၊ က်ေနာ္တို႔ဆီမွာက အခုလို ကာကြယ္ေရးေတြပဲ အဓိက ထားေဆာင္ရြက္ ေနရပါတယ္” ဟု ၎က ေျပာသည္။

လက္ရွိတြင္ ဖာကန္႔ၿမိဳ႕နယ္တြင္ အသြားအလာ ကန္႔သတ္ထားသူ ၃၀ ေက်ာ္ႏွင့္ အသြားအလာကန္႔သ တ္သည့္ေနရာ ၁၂ ေနရာ ရွိေနေၾကာင္းသိရသည္။

စက္တင္ဘာလ ၂ရက္ေန႔ ကိုဗစ္ ၁၉ ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈ ထုတ္ျပန္ခ်က္အရ ယေန႔ထိ ျပည္တြင္း၌ စုစုေပါင္း ပိုးေတြ႕လူနာ (၉၉၅)ဦး ကုသမႈယူခံၿပီး ေရာဂါပိုးကင္းစင္သူ (၃၅၉)ဦး ေသဆုံးသူ (၆) ဦးထိ ရွိေနေၾကာင္း သိရသည္။

ေဝယံ

#PeopleMedia #ဖားကန္႔

(unicode)
ဖားကန့်မြို့တွင် ရခိုင်နှင့် ရန်ကုန်မှ လာသူများကို Quarantine ထားရှိမည်
…………………………………………………

ဖားကန့်၊ စက်တင်ဘာ ၃

ဖားကန့်မြို့နယ်တွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့တို့မှ ပြန်လာသူများကို အသွားအလာ ကန့်သတ်မည်ဖြစ် ကြာင်း ဖားကန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ ဩဂုတ်လ မှ စတင်ကာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူများ လာတာကြောင့် အခုလို အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ရတာဖြစ်ကြောင်း ဖားကန့်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်ကပြောသည်။

“ကျွန်တော်တို့မြို့မှာက အခုရက်ပိုင်းအတွင်းမှာ ဒီရောဂါဖြစ်ပွားနေတဲ့ ရန်ကုန်၊ ရခိုင်ဘက်ပြန်လာရင် အသွားအလာ ကန့်သတ်နေပြီဖြစ်တယ်၊ ကျနော်တို့ဆီမှာက အခုလို ကာကွယ်ရေးတွေပဲ အဓိက ထားဆောင်ရွက် နေရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖာကန့်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ ၃၀ ကျော်နှင့် အသွားအလာကန့်သ တ်သည့်နေရာ ၁၂ နေရာ ရှိနေကြောင်းသိရသည်။

စက်တင်ဘာလ ၂ရက်နေ့ ကိုဗစ် ၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ထုတ်ပြန်ချက်အရ ယနေ့ထိ ပြည်တွင်း၌ စုစုပေါင်း ပိုးတွေ့လူနာ (၉၉၅)ဦး ကုသမှုယူခံပြီး ရောဂါပိုးကင်းစင်သူ (၃၅၉)ဦး သေဆုံးသူ (၆) ဦးထိ ရှိနေကြောင်း သိရသည်။

ဝေယံ

#PeopleMedia #ဖားကန့်


Share this post