• Follow Us on

Home ေနျပည္ေတာ္သို႔လာေရာက္သူမ်ား က်န္းမာေရးအရ ဓာတ္ခြဲစစ္ေဆးရာတြင္ ကုန္က်စရိတ္အား ကာယကံရွင္မွ ခံရမည္

ေနျပည္ေတာ္သို႔လာေရာက္သူမ်ား က်န္းမာေရးအရ ဓာတ္ခြဲစစ္ေဆးရာတြင္ ကုန္က်စရိတ္အား ကာယကံရွင္မွ ခံရမည္

Share this post

ရန္ကုန္၊ စက္တင္ဘာ ၃

ေနျပည္ေတာ္သို႔လာေရာက္သူမ်ား က်န္းမာေရးအရ ဓာတ္ခြဲစစ္ေဆးရာတြင္ ကုန္က်စရိတ္အား ကာယကံ ရွင္မွခံရမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ေကာင္စီမွထုတ္ျပန္ထားသည္။

ေနျပည္ေတာ္သို႔လာေရာက္သူမ်ားအနက္ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ား၊ ျပည္ေထာင္စု၀န္ႀကီးဌာန မ်ားႏွင့္ ဆက္သြယ္ေဆာင္ရြက္ရမည့္လုပ္ငန္းမ်ားေၾကာင့္ ေနျပည္ေတာ္သို႔ လာေရာက္ရန္အေၾကာင္းၾကားစာ ရရွိသည့္လူမ်ားမွလြဲ၍ အျခားမည္သူမဆို ဓာတ္ခြဲစစ္ေဆးမႈကုန္က်စရိတ္အား ကာယကံရွင္မွခံရမည္ျဖစ္သည္။

ေနျပည္ေတာ္သို႔သြားေရာက္မည့္သူမ်ားသည္ COVID-19 ေရာဂါပိုးရွိမရွိ အာေခါင္၊ ႏွာေခါင္း၊ တို႔ပတ္ (Swab) ႏွစ္ႀကိမ္စစ္ေဆးခံရမည္ျဖစ္သည္။

ဓာတ္ခြဲစစ္ေဆးရာတြင္ တစ္ႀကိမ္စစ္ေဆးခမွာ က်ပ္ႏွစ္သိန္းခန္႔က်သင့္မည္ျဖစ္ၿပီးကုန္ၾကစရိတ္အားကာယ ကံရွင္မွခံရမည္ျဖစ္သည္။

ယခုေၾကညာခ်က္အား စက္တင္ဘာ ၂ ရက္ကစတင္လုပ္ေဆာင္ေနၿပီး ေနာက္ထပ္အမိန္႔တစ္စုံတစ္ရာ မထုတ္ျပန္မွီ အခ်ိန္အထိ ယင္းေၾကညာခ်က္အား အတည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ေကာင္စီ မွထုတ္ ျပန္ထားသည္။

#PeopleMedia #ေနျပည္ေတာ္ေကာင္စီနယ္ေျမ #COVID

(unicode)
နေပြည်တော်သို့လာရောက်သူများ ကျန်းမာရေးအရ ဓာတ်ခွဲစစ်ဆေးရာတွင် ကုန်ကျစရိတ်အား ကာယကံရှင်မှ ခံရမည်
………………………………………

ရန်ကုန်၊ စက်တင်ဘာ ၃

နေပြည်တော်သို့လာရောက်သူများ ကျန်းမာရေးအရ ဓာတ်ခွဲစစ်ဆေးရာတွင် ကုန်ကျစရိတ်အား ကာယကံ ရှင်မှခံရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီမှထုတ်ပြန်ထားသည်။

နေပြည်တော်သို့လာရောက်သူများအနက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းများကြောင့် နေပြည်တော်သို့ လာရောက်ရန်အကြောင်းကြားစာ ရရှိသည့်လူများမှလွဲ၍ အခြားမည်သူမဆို ဓာတ်ခွဲစစ်ဆေးမှုကုန်ကျစရိတ်အား ကာယကံရှင်မှခံရမည်ဖြစ်သည်။

နေပြည်တော်သို့သွားရောက်မည့်သူများသည် COVID-19 ရောဂါပိုးရှိမရှိ အာခေါင်၊ နှာခေါင်း၊ တို့ပတ် (Swab) နှစ်ကြိမ်စစ်ဆေးခံရမည်ဖြစ်သည်။

ဓာတ်ခွဲစစ်ဆေးရာတွင် တစ်ကြိမ်စစ်ဆေးခမှာ ကျပ်နှစ်သိန်းခန့်ကျသင့်မည်ဖြစ်ပြီးကုန်ကြစရိတ်အားကာယ ကံရှင်မှခံရမည်ဖြစ်သည်။

ယခုကြေညာချက်အား စက်တင်ဘာ ၂ ရက်ကစတင်လုပ်ဆောင်နေပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မှီ အချိန်အထိ ယင်းကြေညာချက်အား အတည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ မှထုတ် ပြန်ထားသည်။

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ #COVID


Share this post