• Follow Us on

Home ဗန်းမောက်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဝန်ထမ်းနှစ်ဦး အသတ်ခံရကြောင်း သတင်းများထွက်ပေါ်

ဗန်းမောက်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဝန်ထမ်းနှစ်ဦး အသတ်ခံရကြောင်း သတင်းများထွက်ပေါ်

Share this post

ဗန်းမောက်၊ သြဂုတ် ၁၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ပင်ပုံအုပ်စု၊ သရက်ကုန်းကျေးရွာတွင် ဇူလိုင်လ ၁၈ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဝန်ထမ်း နှစ်ဦးမှာ တစ်လပြည့်သည့်အချိန်၌ အသတ်ခံရကြောင်း မြို့နယ်အတွင်းသတင်းများ ထွက်ပေါ်လျှက်ရှိသည်။

 

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၈ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ဦးကျော်မင်းသန်း(သတ္တု)ခေါင်းဆောင်၍ ဒုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးသန်းစိုး၊ ဦးမျိုးဝဏ္ဏ(သစ်တော)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ ဦးကျော်စိုး၊ ယာဉ်မောင်း ဦးရန်နိုင်စိုး၊ ဦးဇော်ဦး၊ ဦးရဲကိုကိုဦး (သတ္တု)၊ မင်းဇင်ထူး(သတ္တု)ပူးပေါင်းအဖွဲ့တို့သည် ယာဉ်နှစ်စီးဖြင့် နားနန့်ထွန်အုပ်စုအတွင်းရှိ ပြန်လည်အပ်နှံသည့် လုပ်ကွက်များပိတ်သိမ်းမှုအစီအစဉ်အတိုင်း ဆောင်ရွက်ထားရှိမှု ရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဗန်းမောက်မြို့သို့အပြန် ညနေ ၆ နာရီအချိန်ခန့်၌ မံလောင်ပေပင်အုပ်စု ကံကုန်းကျေးရွာနှင့် သရက်ကုန်းကျေးရွာကြား ခန့်မှန်းမြေပုံညွှန်း (GC -700277) အရောက်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ယာဉ်မောင်းဦးရန်နိုင်စိုး မောင်းနှင် သော ဇလုံတောင်တက်ယာဉ်၏ ဘယ်ဘက်တံခါးပေါက်အားထိမှန်ပြီး ယာဉ်ပေါ်ပါ ဦးကျော်စိုး၏ ဘယ်ဘက် ရင်အုံသို့ ထိမှန်ခဲ့ရာ မော်တော်ယာဉ်အား မောင်းနှင်းထွက်ပြေးခဲ့ရပြီး ဦးကျော်စိုးအား ဗန်းမောက်ပြည်သူ့ ဆေးရုံမှ မုံရွာပြည်သူ့ဆေးရုံကြီးသို့ စေတနာလူမှုကူညီယာဉ်ဖြင့် ပို့ဆောင်လိုက်ရပြီး ဦးလွင်မောင်မောင် (ဒုထွေ/အုပ်) ဒုရဲမှူး ဦးသန်းစိုး၊ ဦးမျိုးဝဏ္ဏ၊ ယာဉ်မောင်း ဦးဇော်ဦးတို့ပါဝင်ပြီး ယာဉ်အမှတ် 4D-3849 ပါဂျဲရိုး(အစိမ်းရောင်) ကားအား ညနေ ၆ နာရီခွဲခန့်တွင် ကသာ-အင်းတော်-မံစီလမ်းမပေါ်ရှိ ပင်ပုံအုပ်စု သရက်ကုန်းကျေးရွာ ခန့်မှန်းမြေပုံညွှန်း (GC-734135) အရောက်ထိ လိုက်လံပစ်ခတ်သဖြင့် နောက်ကားဘီး ပေါက်၍ ရပ်တန့်ထားစဉ်အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဒုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင် မောင်လွင်နှင့် ဦးမျိုးဝဏ္ဏ(တောအုပ်) တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်လပြည့်နီးပါးကြာလာခဲ့ရာမှ အသတ်ခံလိုက်ရကြောင်း အမည်မဖေါ်လိုသူတစ်ဦးထံမှသိရသည်။

 

“ကျွန်တော်တို့ရုံးက ဝန်ထမ်းတစ်ဦးနဲ့ သစ်တောက ဝန်ထမ်းတစ်ဦးအသတ်ခံရတယ်လို့ သတင်းတွေ လူမူကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာရော မြို့ပေါ်မှာရော သတင်းတွေထွက်နေတာဘဲဗျ။ အသေအချာ တော့မသိရသေးပါဘူး။ ကျွန်တော်တို့လဲစုံစမ်းနေတာဘဲ” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

 

အဆိုပါဝန်ထမ်းနှစ်ဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်လပြည့်ခဲ့သည့်အချိန်တွင် သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

 

လှိုင်ဘွား(ဗန်းမောက်-EPN)

 

#PeopleMedia #EPN #စစ်ကိုင်းတိုင်းဒေသကြီး #ဗန်းမောက်

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



Share this post