• Follow Us on
Latest News

Home ဘဂၤါလီစခန္းမ်ားတြင္ ဖုန္းႏွင့္အင္တာနက္ဆက္သြယ္ေရးလိုင္းမ်ားျပန္ဖြင့္မည္

ဘဂၤါလီစခန္းမ်ားတြင္ ဖုန္းႏွင့္အင္တာနက္ဆက္သြယ္ေရးလိုင္းမ်ားျပန္ဖြင့္မည္

Share this post

ဒါကာ၊ ၾသဂုတ္ ၂၅

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါ႐ွိေနခ်ိန္ ၀န္ေဆာင္မႈမ်ားပိုမိုရ႐ွိေစရန္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)ဒုကၡသည္စခန္းမ်ားတြင္ မိုဘိုင္းဖုန္းကြန္ရက္ႏွင့္အင္တာနက္၀န္ေဆာင္မႈမ်ားျပန္ေပးရန္ ဆံုးျဖတ္လိုက္သည္ဟု ဘဂၤလားေဒ့႐ွ္အစိုးရသတင္းရင္းျမစ္မ်ားထံမွသိရသည္။

“ဒီဆံုးျဖတ္ခ်က္အတြက္ တရား၀င္မျဖစ္ေသးတဲ့အတည္ျပဳခ်က္ကိုေတာ့ ၾကားသိၿပီပါၿပီ။ တရား၀င္အတည္ျပဳတာကိုေတာ့ ေစာင့္ေနပါတယ္။” ဟု ဘဂၤလားေဒ့႐ွ္ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး မာဘတ္ အာလမ္ တာလုဒါက အနာဒိုလူသတင္းေအဂ်င္စီကိုေျပာသည္။

ယခင္ကလည္း ဘဂၤါလီဒုကၡသည္ ၁.၂ သန္းအတြက္ ဒစ္ဂ်စ္တယ္ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားဖြင့္လွစ္ေပးေရး အစိုးရကို သူတို႔အၾကံျပဳခဲ့ေၾကာင္းေျပာသည္။

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာတြင္ ဘဂၤလားေဒ့႐ွ္အစိုးရက ဘဂၤါလီမ်ား မိုဘိုင္းဖုန္းဆင္းကတ္မ်ားအသံုးျပဳျခင္းကို ပိတ္ပင္ခဲ့ၿပီးေနာက္ ဘဂၤါလီစခန္းမ်ားမွဆင္းကတ္ရာခ်ီကို အာဏာပိုင္မ်ားက သိမ္းဆည္းခဲ့သည္။

စခန္းမ်ားတြင္ အင္တာနက္၀န္ေဆာင္မႈမ်ားပိတ္ထားရန္လည္း ဘဂၤလားေဒ့႐ွ္တယ္လီဖုန္းဆက္သြယ္ေရးစည္းကမ္းထိန္းခ်ဳပ္ေရးအဖြဲ႔ကို အစိုးရက ၫႊန္ၾကားခဲ့သည္။

ပိတ္ဆို႔မႈမ်ား႐ွိေသာ္လည္း ဘဂၤါလီအခ်ိဳ႕က ဆင္းကတ္မ်ားကို လွ်ိဳ႕၀ွက္အသံုးျပဳေနၾကၿပီး အခ်ိဳ႕က ျမန္မာႏိုင္ငံမွဆင္းကတ္မ်ားကို အသံုးျပဳၿပီး ရခိုင္ျပည္နယ္ႏွင့္ တျခားႏိုင္ငံမ်ားမွေဆြမ်ိဳးမ်ားႏွင့္ဆက္သြယ္ရန္အသံုးျပဳေနၾကသည္။

Ref : Bangladesh to restore phone, internet at Rohingya camps

#PeopleMedia

(unicode)
ဘင်္ဂါလီစခန်းများတွင် ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးလိုင်းများပြန်ဖွင့်မည်
……………………………………

ဒါကာ၊ သြဂုတ် ၂၅

ကိုရိုနာဗိုင်းရပ်စ်ကမာ္ဘ့ကပ်ရောဂါရှိနေချိန် ဝန်ဆောင်မှုများပိုမိုရရှိစေရန် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)ဒုက္ခသည်စခန်းများတွင် မိုဘိုင်းဖုန်းကွန်ရက်နှင့်အင်တာနက်ဝန်ဆောင်မှုများပြန်ပေးရန် ဆုံးဖြတ်လိုက်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရသတင်းရင်းမြစ်များထံမှသိရသည်။

“ဒီဆုံးဖြတ်ချက်အတွက် တရားဝင်မဖြစ်သေးတဲ့အတည်ပြုချက်ကိုတော့ ကြားသိပြီပါပြီ။ တရားဝင်အတည်ပြုတာကိုတော့ စောင့်နေပါတယ်။” ဟု ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး မာဘတ် အာလမ် တာလုဒါက အနာဒိုလူသတင်းအေဂျင်စီကိုပြောသည်။

ယခင်ကလည်း ဘင်္ဂါလီဒုက္ခသည် ၁.၂ သန်းအတွက် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးလမ်းကြောင်းများဖွင့်လှစ်ပေးရေး အစိုးရကို သူတို့အကြံပြုခဲ့ကြောင်းပြောသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂါလီများ မိုဘိုင်းဖုန်းဆင်းကတ်များအသုံးပြုခြင်းကို ပိတ်ပင်ခဲ့ပြီးနောက် ဘင်္ဂါလီစခန်းများမှဆင်းကတ်ရာချီကို အာဏာပိုင်များက သိမ်းဆည်းခဲ့သည်။

စခန်းများတွင် အင်တာနက်ဝန်ဆောင်မှုများပိတ်ထားရန်လည်း ဘင်္ဂလားဒေ့ရှ်တယ်လီဖုန်းဆက်သွယ်ရေးစည်းကမ်းထိန်းချုပ်ရေးအဖွဲ့ကို အစိုးရက ညွှန်ကြားခဲ့သည်။

ပိတ်ဆို့မှုများရှိသော်လည်း ဘင်္ဂါလီအချို့က ဆင်းကတ်များကို လျှို့ဝှက်အသုံးပြုနေကြပြီး အချို့က မြန်မာနိုင်ငံမှဆင်းကတ်များကို အသုံးပြုပြီး ရခိုင်ပြည်နယ်နှင့် တခြားနိုင်ငံများမှဆွေမျိုးများနှင့်ဆက်သွယ်ရန်အသုံးပြုနေကြသည်။

Ref : Bangladesh to restore phone, internet at Rohingya camps

#PeopleMedia


Share this post