• Follow Us on
Latest News

Home ဘဂၤါလီမ်ား၊ အျခားဒုကၡသည္မ်ားႏွင့္ ျပည္တြင္းေ႐ႊ႕ေျပာင္းဒုကၡသည္မ်ား ေဘးကင္းလံုၿခံဳစြာေနရပ္ျပန္ႏိုင္ရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံကို အေမရိကန္ဒုတိယႏိုင္ငံျခားေရး၀န္ႀကီးတိုက္တြန္း

ဘဂၤါလီမ်ား၊ အျခားဒုကၡသည္မ်ားႏွင့္ ျပည္တြင္းေ႐ႊ႕ေျပာင္းဒုကၡသည္မ်ား ေဘးကင္းလံုၿခံဳစြာေနရပ္ျပန္ႏိုင္ရန္ ႏိုင္ငံေတာ္အတိုင္ပင္ခံကို အေမရိကန္ဒုတိယႏိုင္ငံျခားေရး၀န္ႀကီးတိုက္တြန္း

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၉
ႏိုင္ငံတ၀န္းမွပဋိပကၡမ်ားအဆံုးသတ္ႏိုင္ရန္ႏွင့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အပါအ၀င္ ဒုကၡသည္မ်ား ၏ စိတ္ဆႏၵပါ၀င္ေသာ၊ ဂုဏ္သိကၡာ႐ွိေသာ၊ ေရ႐ွည္တည္တံ့ေသာေနရပ္ျပန္မႈမ်ားျဖစ္လာေစရန္ ျမန္မာအစိုး ရကို အေမရိကန္ႏိုင္ငံႏိုင္ငံျခားေရး၀န္ႀကီးဌာနဒုတိယ၀န္ႀကီး ေဒးဗစ္ ေဟးက တိုက္တြန္းသည္။
ေအာက္တိုဘာ ၂၇ ရက္က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ႏိုင္ငံျခားေရး၀န္ႀကီးျဖစ္သည့္ေဒၚေအာင္ဆန္း စုၾကည့္ႏွင့္ မစၥတာေဟးတို႔ အြန္လိုင္းမွတဆင့္ေဆြးေႏြးေျပာဆိုရာတြင္ တိုက္တြန္းခဲ့ျခင္းျဖစ္သည္ဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရသူ ေမာ္ဂန္ ေအာ္ေတးဂတ္စ္ကေျပာသည္။
ျမန္မာႏိုင္ငံ၏ လူသားခ်င္စာနာေထာက္ထားမႈဆိုင္ရာကယ္ဆယ္ေရးအားထုတ္မႈမ်ားႏွင့္ ဒီမိုကေရစီအေရး ျပဳျပင္ေျပာင္းလဲမႈမ်ားကို အေမရိကန္ျပည္ေထာင္စုက ဆက္လက္ေထာက္ခံအားေပးေနမည္ျဖစ္ေၾကာင္းလည္း ေဟးလ္က ထပ္မံအတည္ျပဳသည္။
ႏို၀င္ဘာ ၈ ရက္တြင္က်င္းပမည့္အေထြေထြေ႐ြးေကာက္ပြဲ ယံုၾကည္ရၿပီး ပြင့္လင္းျမင္သာမႈ႐ွိရန္၊ အားလံုးပါ၀င္ ႏိုင္ရန္ ဆက္လက္ေထာက္ပံ့ေနမည္ဟုလည္း အသိေပးသည္။
၂၀၁၇ ခုႏွစ္အလယ္ပိုင္းတြင္ ျမန္မာႏိုင္ငံမွဘဂၤါလီ ၁.၁ သန္းခန္႔ထြက္ေျပးခဲ့ၿပီး ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၊ ေကာ့က္စ္ဘဇားခ႐ိုင္မွဒုကၡသည္စခန္းမ်ားတြင္ ခိုလႈံေနၾကသည္။
၂၀၁၈ ခုႏွစ္မွစတင္၍ ျမန္မာႏိုင္ငံသို႔ဘဂၤါလီမ်ားျပန္လာႏိုင္ရန္ ျမန္မာ၊ ဘဂၤလားေဒ့႐ွ္ ၂ႏိုင္ငံသေဘာတူထားၿပီး ျမန္မာႏိုင္ငံဘက္တြင္လည္း ေနအိမ္အပါအ၀င္အေဆာက္အအံုမ်ားဖန္တီးေပးထားေသာ္လည္း ႏွစ္ႏိုင္ငံသေဘာတူထားသည့္တရား၀င္လမ္းေၾကာင္းမွျပန္လာသူ တေယာက္မွမ႐ွိေသးဘဲ မိမိဆႏၵအေလ်ာက္ ျပန္လာသူရာဂဏန္းသာ႐ွိေနသည္။
#PeopleMedia #ဘဂၤါလီ #ေနရပ္ျပန္ #အေမရိကန္
(unicode)
ဘင်္ဂါလီများ၊ အခြားဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ ဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံကို အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း
………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၉
နိုင်ငံတဝန်းမှပဋိပက္ခများအဆုံးသတ်နိုင်ရန်နှင့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အပါအဝင် ဒုက္ခသည်များ ၏ စိတ်ဆန္ဒပါဝင်သော၊ ဂုဏ်သိက္ခာရှိသော၊ ရေရှည်တည်တံ့သောနေရပ်ပြန်မှုများဖြစ်လာစေရန် မြန်မာအစိုး ရကို အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေးဗစ် ဟေးက တိုက်တွန်းသည်။
အောက်တိုဘာ ၂၇ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်ဒေါ်အောင်ဆန်း စုကြည့်နှင့် မစ္စတာဟေးတို့ အွန်လိုင်းမှတဆင့်ဆွေးနွေးပြောဆိုရာတွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်ဂန် အော်တေးဂတ်စ်ကပြောသည်။
မြန်မာနိုင်ငံ၏ လူသားချင်စာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအားထုတ်မှုများနှင့် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံအားပေးနေမည်ဖြစ်ကြောင်းလည်း ဟေးလ်က ထပ်မံအတည်ပြုသည်။
နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ ယုံကြည်ရပြီး ပွင့်လင်းမြင်သာမှုရှိရန်၊ အားလုံးပါဝင် နိုင်ရန် ဆက်လက်ထောက်ပံ့နေမည်ဟုလည်း အသိပေးသည်။
၂၀၁၇ ခုနှစ်အလယ်ပိုင်းတွင် မြန်မာနိုင်ငံမှဘင်္ဂါလီ ၁.၁ သန်းခန့်ထွက်ပြေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်မှဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည်။
၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ဘင်္ဂါလီများပြန်လာနိုင်ရန် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံသဘောတူထားပြီး မြန်မာနိုင်ငံဘက်တွင်လည်း နေအိမ်အပါအဝင်အဆောက်အအုံများဖန်တီးပေးထားသော်လည်း နှစ်နိုင်ငံသဘောတူထားသည့်တရားဝင်လမ်းကြောင်းမှပြန်လာသူ တယောက်မှမရှိသေးဘဲ မိမိဆန္ဒအလျောက် ပြန်လာသူရာဂဏန်းသာရှိနေသည်။
#PeopleMedia #ဘင်္ဂါလီ #နေရပ်ပြန် #အမေရိကန်


Share this post