• Follow Us on
Latest News

Home မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်း၌ ခေါင်းဖြတ်အသတ်ခံရပြီး မျောပါလာသည့် အလောင်း (၃) လောင်း သည် ပြည်ခိုင်ဖြိုးပါတီ အမာခံဝန်းရံသူများဖြစ်နေ

မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်း၌ ခေါင်းဖြတ်အသတ်ခံရပြီး မျောပါလာသည့် အလောင်း (၃) လောင်း သည် ပြည်ခိုင်ဖြိုးပါတီ အမာခံဝန်းရံသူများဖြစ်နေ

Share this post

မင်းကင်း၊ စက်တင်ဘာ ၂၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှ တောတွင်းချောင်းထဲ၌ ခေါင်းပြတ်သေဆုံးလျက်ရှိသည့် လူသေအလောင်း ၃ လောင်းသည် ပြည်ခိုင်ဖြိုးပါတီ အမာခံဝန်းရံသူများ ဖြစ်နေကြောင်း ဒေသခံများက People Media သို့ အတည်ပြုပြောဆိုသည်။

 

အဆိုပါအလောင်း ၃ လောင်းမှာ စပ်လျင်ချောင်းရွာမှ ပြည်ခိုင်ဖြိုးပါတီကို အမာခံဝန်းရံသည့် ကိုစည်သူ အသက် ၃၂ နှစ်၊ ကိုအဲဝေ(ခ)အဲပေတူး အသက် ၂၆ နှစ်နှင့် ကိုစိုးကို အသက် ၂၅ နှစ်တို့ဖြစ်ကြောင်း ဒေသခံများက People Media ကို ပြောဆိုသည်။

 

၎င်းတို့ ၃ ဦးသည် တောင်သူအလုပ်လုပ်ကိုင်ကြပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဒေသခံမဟုတ်သည့် လူအုပ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် လည်ပင်းဖြတ်ဒဏ်ရာများနှင့် သေဆုံးလျက်တွေ့ရှိရပြီး မည်သည့် အဖွဲ့အစည်းမှ ယခုကဲ့သို့ပြုလုပ်သည်ကိုမူ မသိရှိရသေးပေ။

 

ဆက်လက်ပြီး ၎င်းတို့သေဆုံးမှုနှင့်ပတ်သက်ပြီး မင်းကင်းမြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် (ပ)၅၁/၂၀၂၁ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပါတီဝန်းရံထောက်ခံသူများ၊ တပ်မတော် ထောက်ခံသူများ၊ စစ်မှုထမ်းဟောင်းများနှင့် နိုင်ငံ့ဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခံနေရမှုများ မကြာခဏဖြစ်ပေါ် လျက်ရှိသည်။

 

#PeopleMedia #မင်းကင်း

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post