• Follow Us on
Latest News

Home မလေးရှားရေတပ်ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြီး တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

မလေးရှားရေတပ်ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြီး တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၃

 

မလေးရှားရေတပ်က ရဟတ်ယာဉ်နှစ်စင်းဟာ အင်္ဂါနေ့ (ဧပြီ ၂၃ ရက်နေ့) က ရေတပ်စစ်ရေးပြအခမ်းအနား တစ်ခုအတွက် လေ့ကျင့်ပျံသန်းနေစဉ်အတွင်း လေထဲမှာ တိုက်မိပြီး ရဟတ်ယာဉ်ပေါ်မှာပါလာတဲ့ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားခဲ့တယ်လို့ မလေးရေတပ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဒီမတော်တဆမှုဟာ မလေးရှားနိုင်ငံ အနောက်ပိုင်း ပီရက်ပြည်နယ်ရှိ လူမတ်ရေတပ်စခန်းမှာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၂ မိနစ်မှာ ဖြစ်ပွားခဲ့တာလို့ ရေတပ်က ပြောပါတယ်။

 

“ရဟတ်ယာဉ်ပေါ်ပါလာတဲ့သူအားလုံး သေဆုံးသွားပါတယ်။ အဲဒီအလောင်းတွေကိုတော့ လူမတ်ရေတပ်စခန်း က စစ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။” လို့ ရေတပ်က ပြောပါတယ်။

 

ရဟတ်ယာဉ်လေးငါးစင်း အုပ်ဖွဲ့ပျံသန်းနေစဉ် ရဟတ်ယာဉ်တစ်စင်းက ပန်ကာက တခြားရဟတ်ယာဉ်တစ်စင်း တိုက်မိပြီး မြေပြင်ပေါ်ကို နှစ်စင်းစလုံးပျက်ကျခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်ပေါ်မှာ တွေ့မြင်ရပါတယ်။

 

ရဟတ်ယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ရေတပ်က ပြောပါတယ်။

 

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်နှစ်စင်းအနက် AW139 ပင်လယ်ပြင်စစ်ဆင်ရေးရဟတ်ယာဉ်ပေါ်မှာ တပ်ဖွဲ့ဝင် ၇ ဦးလိုက်ပါလာပြီး Fennec အပေါ့စားရဟတ်ယာဉ်ပေါ်မှာတော့ တပ်ဖွဲ့ဝင် ၃ ဦး လိုက်ပါလာကြောင်း ကာကွယ် ရေးဝန်ကြီး မိုဟာမက်ခါလက်ဒ်နော်ဒင်က ပြောပါတယ်။

 

အဲဒီရဟတ်ယာဉ်အုပ်စုဟာ လာမယ့်စနေနေ့မှာ ကျင်းပမယ့် တော်ဝင်မလေးရှားရေတပ်ရဲ့ အနှစ် ၉၀ မြောက် စစ်ရေးပြအခမ်းအနားမှာပါဝင်ဆင် နွှဲဖို့ လေ့ကျင့်နေကြာတဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

သေဆုံးသွားတဲ့တပ်ဖွဲ့ဝင်အလောင်းတွေကို စိစစ်နေပြီး အဲဒီတပ်ဖွဲ့ဝင်အားလုံးဟာ အသက် ၄၀ အောက် အရွယ် တွေချည်းပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Malaysian navy helicopters collide in mid-air, killing 10 crew

 

#PeopleMedia


Share this post