• Follow Us on
Latest News

Home ဥက္ကံမြို့ရှိ အမှိုက်ပုံတစ်ခုတွင် ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ထားသည့် ကလေးငယ်တစ်ဦးကို တွေ့ရှိ

ဥက္ကံမြို့ရှိ အမှိုက်ပုံတစ်ခုတွင် ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ထားသည့် ကလေးငယ်တစ်ဦးကို တွေ့ရှိ

Share this post

နေပြည်တော်၊ ဧပြီ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၊ ဗန္ဓုလရပ်ကွက်ရှိ နေအိမ်တစ်အိမ်၏ နောက်ဖေးအမှိုက်ပုံတွင် ချက်ကြိုးတန်း လန်းဖြင့် စွန့်ပစ်ထားသည့် ကလေးငယ်တစ်ဦးကို ယင်းနေအိမ်တွင် နေထိုင်သူတစ်ဦးက တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းကလေးငယ်၏ ခန္ဓာကိုယ်အနှံ့ အိုးမဲများ ပေနေကျံနေပြီး ပုရွက်ဆိတ်များမှလည်း ကလေးငယ်ကို ကိုက်ထားသည်ကို တွေ့ရှိခဲ့ရဖြင့် အဆိုပါ နေအိမ်ရှိ အိမ်သားများမှ ကလေးငယ်ကို ဥက္ကံဆေးရုံသို့ ဧပြီလ (၂၃)ရက် နံနက် (၂)နာရီ (၄၅)မိနစ်အချိန်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စွန့်ပစ်ခံရသည့် ကလေးငယ်ကို ဥက္ကံပြည်သူဆေးရုံမှ ချက်ကြိုးဖြတ်၍ ရေချိုးသန့်ရှင်းရေးများပြုလုပ်ပြီး ထိုဆေးရုံရှိ နို့တိုက်မိခင်တစ်ဦးအား အကူအညီတောင်း၍ ကလေးငယ်ကို နို့တိုက်ခဲ့သော်လည်း ကလေးငယ်မှာ နို့မစို့နိုင်ကြောင်းနှင့် နို့ဘူးတိုက်ရန် ထပ်မံကြိုးစားသော်လည်း မစို့နိုင်ကြောင်း သိရသည်။

 

ယင်းကလေးငယ်သည် မိန်းခလေးဖြစ်ကြောင်း သိရှိရပြီး လက်ရှိအချိန်တွင် ဆေးရုံတွင်သာ ထားရှိထားကြောင်း သိရသည်။

 

#PeopleMedia


Share this post