• Follow Us on
Latest News

Home လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်များဖမ်းဆီးရမိ

လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်များဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဧပြီ ၂၃

 

ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၁ ရက်နေ့ နံနက် ၇နာရီ ၄၅ အချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ ဟိုနားပန်ကျမ်းကျေးရွာနေ ရန်လူ၏ တောင်ယာတဲ အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မပါးရီး(ခ)မရင်ကော့ အားတွေ့ရှိပြီး တဲအတွင်းမှ ဘိန်းဖြူ အလေးချိန် ဝ.၅၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၁၅၀)၊ ဘိန်းစိမ်း အလေးချိန် ၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၄ သိန်း)၊ လက်လုပ်သေနတ် ၄ လက် နှင့် မြန်မာငွေကျပ် ၇၈ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ရန်လူ(၅၃)နှစ် နှင့် မပါးရီး(ခ)မရင်ကော့(၅၃)နှစ်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post