• Follow Us on

Home မဟာမိတ်နိုင်ငံတချို့ အမြင်ကျဉ်းမြောင်းတယ်လို့ ဇီလန်စကီးစွပ်စွဲ ပြစ်တင်

မဟာမိတ်နိုင်ငံတချို့ အမြင်ကျဉ်းမြောင်းတယ်လို့ ဇီလန်စကီးစွပ်စွဲ ပြစ်တင်

Share this post

နိုင်ငံတကာ၊ မတ် ၁၉

 

ကျူးကျော်လာတဲ့ရုရှားတပ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းနိုင်ငံရဲ့ပစ်အားကို ကန့်သတ်တားဆီးနေတဲ့အ တွက် မိတ်ဖက်နိုင်ငံတချို့ရဲ့ အမြင်ကျဉ်းမြောင်းမှုကို ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြစ်တင်ပြော ကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုထားတဲ့ မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်မိန့်ခွန်းထဲမှာ ဇီလန်စကီးက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါ တယ်။

 

ဇီလန်စကီးက တာဝေးပစ်ဒုံးကျည်တွေထောက်ပံပေးဖို့ အနောက်နိုင်ငံတွေထံ တောင်းဆိုခဲ့ပေမဲ့ ယူကရိန်းတွေ က အဲဒီတာဝေးပစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်မှာကို စိုးရိမ်ပြီး မဟာမိတ်နိုင်ငံတ ချို့ ထောက်ပံ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

ဂျာမန်ထုတ် တားရပ်စ်ခရုစ်ဒုံးကျည်တွေဟာ ဂျာမန်စစ်သည်တွေမပါဘဲ ပစ်ခတ်လို့မရနိုင်ကြောင်း ပြောဆိုရင်း အဲဒီတားရပ်စ်ဒုံးကျည်တွေကို ယူကရိန်းကို ပေးပို့ဖို့ ငြင်းဆန်ကြောင်း မကြာသေးခင်ကပဲ ဂျာမန်အဓိပတိ အို လက်ရှိုးက ပြောပါတယ်။

 

အလားတူ အမေရိကန်ကလည်း တာဝေးပစ်-အတွဲလိုက်ဒုံးပစ်လောင်ချာ (ATACMS) တွေ ယူကရိန်းကို ပေးပို့ဖို့ ခွင့်ပြုနိုင်ရေးအတွက် အချိန်ယူစောင့်ဆိုင်းခဲ့ရပါတယ်။

 

မဟာမိတ်နိုင်ငံတချို့ကို အခုလို ပြင်းထန်စွာဝေဖန်ပြောဆိုခဲ့ပေမဲ့လည်း စစ်ရေးအကူအညီတွေ ထပ်မံထောက်ပံ့ ပေးတဲ့အတါက် အမေရိကန်နဲ့ ဒိန်းမတ်တို့လို မဟာမိတ်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ဇီလန်စကီးက ပြောပါ တယ်။

 

ဒါ့အပြင် ယူကရိန်းနိုင်ငံအတွက် “အမြောက်ကျည်အမြောက်အမြား ဝယ်ယူရေးအစီအစဉ်” မှာ ပူးပေါင်းပါဝင်ခဲ့ တဲ့ ချက်သမ္မတနိုင်ငံနဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ဇီလန်စကီးက ကျေးဇူးတင်စကားပြောပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိတ်ပင်ဟန့်တားတာဟာ “ဥရောပတစ်ခွင် ဘေးဒုက္ခနယ်မြေတွေ ထပ်မံတိုးချဲ့ဖို့အတွက်” ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်မှု ရနိုင်သလား/မရ နိုင်ဘူးလားလို့ ဆုံးဖြတ်ရာမှာ အလွန်အရေးကြီးကြောင်း ဇီလန်စကီးက ပြောပါတယ်။

 

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်တွေအတွက် ထောက်ပံ့ရာမှာ တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ အလွန် အရေးကြီးပါတယ်။ လက်ရှိအချိန်မှာ ပူတင်ကိုတားဆီးဖို့ဆိုတာ လူတိုင်းအတွက် အကောင်းဆုံးအကျိုးစီးပွားဖြစ် ပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။

 

Ref: Zelensky Blames ‘Short-Sightedness’ of Allies for Limited Range of Strikes

 

#PeopleMedia


Share this post