• Follow Us on

Home ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်မည်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်မည်

Share this post

နေပြည်တော်၊ မတ် ၁၉

 

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် (၅၀) ခရိုင်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အဆိုပါအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေ စဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ် သည်။

 

သို့ဖြစ်ပါ၍ အခြေခံပညာအလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် (၁) အခြေခံပညာအထက်တန်းဆင့်၊ (၂) စက်မှုနည်းပညာ၊ (၃) စိုက် ပျိုးရေးအတတ်ပညာ၊ (၄) မွေးမြူရေးအတတ်ပညာ စသည့် ပညာရေးလမ်းသွယ် (၄) မျိုးကို ရွေးချယ်သင်ယူ နိုင်ကြောင်း သိရသည်။

 

အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းများတွင် တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post