• Follow Us on
Latest News

Home မိုးကုတ်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

မိုးကုတ်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

Share this post

မန္တလေး၊ စက်တင်ဘာ ၁၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှေဂူရပ်ကွက်၌ နေထိုင်သည့် အရန်မီးသတ်တပ်ဖွဲ့တစ်ဦးသည်  စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်သူသည် အိမ်ရှေ့ ကွမ်းယာဆိုင်၌ရှိနေစဉ် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦး က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါသေဆုံးသူ ကိုအောင်ကျော်စိုးမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။

 

ထို့အတူ စက်တင်ဘာလ ၄ ရက်နေ့၌ မိုးကုတ်မြို့ ဈေးအတွင်း၌ ကြက်ဥ/ဘဲဥ ရောင်းချနေသည် လင်မ ယားနှစ်ဦး (ပြည်ခိုင်ဖြိုးပါတီဝင်)သည်  သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

#PeopleMedia #မိုးကုတ်

 

(unicode)


………………………………………………………………..

 

မန်တလေး၊ စကျတငျဘာ ၁၇ (People Media)

 


 


 


 


 



Share this post