• Follow Us on
Latest News

Home မဲခေါင်ဒေသအား အကျိုးပြုစေမည့်အစီအမံခြောက်ရပ်အား ဖော်ဆောင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ပြောကြား

မဲခေါင်ဒေသအား အကျိုးပြုစေမည့်အစီအမံခြောက်ရပ်အား ဖော်ဆောင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ပြောကြား

Share this post

ရန်ကုန်၊ ဇူလိုင် ၆

 

မဲခေါင်ဒေသအားအကျိုးပြုစေမည့် အစီအမံခြောက်ရပ်အား ဖော်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ဇူလိုင်လ ၄ ရက်နေ့က မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၇) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

Mr. Wang Yi က တရုတ်နိုင်ငံသည် နောက်တစ်ဆင့်တွင် မဲခေါင်ဒေသအားအကျိုးပြုစေမည့် အစီအမံခြောက် ရပ်အား ဖော်ဆောင်မည်ဖြစ်ကြောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကျိုးအမြတ်များမျှဝေကာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအမံ များမှာ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် စိုက်ပျိုးရေးနည်းပညာမြှင့်တင်ရေးစီမံကိန်းအခု ၁၀၀ ဖော် ဆောင်ခြင်း၊ လယ်ယာစီးပွားလုပ်ငန်းရှင် အယောက် ၁၀၀၀ လေ့ကျင့်ပေးခြင်း၊ စံပြမြေယာဟက်တာ ၁၀၀၀၀ တည်ဆောက်ခြင်း၊ ဇလဗေဒသတင်းအချက်အလက်များ မျှဝေမှုမြင့်တင်ကာ မိုးလေဝသနှင့် ဇလဗေဒခန့်မှန်း ချက်စခန်းအသစ်တည်ဆောက်ခြင်း၊ Photovoaltic ဆည်မြောင်းရေသွင်းမှု၊ ကျေးလက်ရေပေးဝေမှု၊  မြစ် ကြောင်းငယ်ကုစားမှုစံနမူနာတည်ဆောက်မှုတို့ မြှင့်တင်ခြင်း၊ ရေတာတမံ ၂၀ အတွက် ဘေးကင်းမှုစစ်ဆေး ခြင်းဖြင့် မြစ်ဝှမ်းဒေသလူဦးရေသန်း ၇၀ အတွက်ရေဘေးကာကွယ်ရေး၊ စားနပ်ရိက္ခာ၊ ရေပေးဝေမှုနှင့် ဂေဟ လုံခြုံမှုတို့အား အာမခံခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

 

ထို့ပြင် မဲခေါင်မြစ်ဒေသနိုင်ငံများတွင် Cloud computing ဆန်းသစ်တီထွင်မှုစင်တာတည်ဆောက်ကာ ဒစ်ဂျစ် တယ် TV သုတေသနဖော်ဆောင်ရေး စံပြတည်ဆောက်မှုအားမြှင့်တင်၍ ခေတ်မီသတင်းအချက်အလက်နည်း ပညာစနစ် ဖော်ဆောင်ပြီး ဒစ်ဂျစ်တယ်စီးပွားရေးစွမ်းဆောင်ချက် မြှင့်တင်ခြင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ခြင်း၊ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့်အတူကမ္ဘာမြေကြီးအားစောင့်ကြည့်လေ့လာသည့် ဂြိုဟ်တု ပူးတွဲသုတေသနပြုလုပ်ကာ Recoverable ဂြိုဟ်တုသယ်ဆောင်သည့် အခွင့်အလမ်းထောက်ပံ့၍ အာကာသ တွင်မျိုးစိတ်ပျိုးထောင်သည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ခြင်းအပြင် နိုင်ငံအသီးသီးအတွက် အာကာသ သိပ္ပံနည်းပညာလေ့ကျင့်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် ပညာသင်ဆုအရေအတွက် ၂၀၀၀ ပေးအပ်ခြင်း၊ လူဦးရေ ၂၀၀၀ အားလေ့ကျင့်ပေးခြင်း၊ ပြည်သူသုံးနျူကလီးယားစွမ်းအင်၊ ဂေဟ၊ စိုက်ပျိုးရေးနှင့်သစ်တောစသည့်ကဏ္ဍ များမှ လူရည်ချွန်များမွေးထုတ်ပေးခြင်း၊ လန်ချန်း-မဲခေါင်ကောလိပ်တည်ဆောက်ခြင်း၊ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံ များ၏ လိုအပ်ချက်နှင့်အညီ ကိုဗစ်-၁၉ Vaccine ထောက်ပံ့ပေး၍ ဆေးဝါးသုတေသနပြုထုတ်လုပ်မှုဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ကာ သမားရိုးကျ ဆေးဝါးထုတ်လုပ်ရေး အခြေစိုက်စခန်းတည်ဆောက်ပြီး ပြည်သူ့ ကျန်းမာရေးစနစ် အတူတကွတည်ဆောက်ခြင်း စသည့်တို့ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 

#PeopleMedia


Share this post