• Follow Us on

Home ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရန်ကုန်တိုင်းရှိ လူငယ်၊ အမျိုးသမီးတာဝန်ခံများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရန်ကုန်တိုင်းရှိ လူငယ်၊ အမျိုးသမီးတာဝန်ခံများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၅

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်ရှိ လူငယ်/ အမျိုးသမီးတာဝန်ခံများ ရပ်ကွက်/ကျေးရွာအုပ်စုမှ ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြု လုပ်ခဲ့ကြောင်း သိရသည်။

 

ပါတီဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီတွင်း အားသာချက် အားနည်းချက်များအား ပကတိ ဖြစ်ရပ်အတိုင်းရှုမြင်သုံးသပ်ခြင်း၊ ဒေသခံပြည်သူများနှင့် တစ်သားတည်းဖြစ်စေရေးနှင့် ပါတီညီလာခံမှ ချ မှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်အား ထိရောက်စွာဆောင်ရွက်နိုင်ရေးကိစ္စများအား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။

 

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက သုံးလတစ်ကြိမ် စီမံချက်ချမှတ်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အောင်မြင်စွာဆောင်ရွက်ရေး၊ မြေပြင်ကွင်းဆင်းကြပ်မတ်ရေး နိုင်ငံတော်အဖွဲ့အစည်းများ၊ မိတ်ဖက်ပါတီများနှင့် ချစ်ကြည်ရင်းနှီးစွာ လက်တွဲဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးအုပ်စုများမှ စည်းရုံးရေးမှူးများ၊ ပါတီလူငယ်ရေးရာ၊ အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 

#PeopleMedia


Share this post