• Follow Us on
Latest News

Home လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဧပြီ ၂၃

 

လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်သင်တန်းများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပသည့်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လေကြောင်းလူငယ်နှင့် ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိဖြင့် အသုံးချနိုင်ရေး မိဘများနှင့် တာဝန်ရှိသူများအနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ၏အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရရှိပြီး တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ကိုစောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ပညာ သင်ကြားရာတွင် အခြေခံမှစ၍သိရှိနားလည်နိုင်ရေးအ တွက်လည်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောသည်။

 

ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်း သာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေးနှင့် ပရိဘောဂများပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသ အချို့တွင်လည်းအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထား ကြရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများကို ပညာရည် အဆင့်များအလိုက် ထိုက်သင့်သည့်ဘွဲ့များပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ကျောင်း များ ပြန်လည်ကောင်းမွန်စေရေးနှင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြား နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ တစ်ဆက်တည်းတွင် စာကြည့် တိုက်များနှင့် ပတ်သက်၍လည်း စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်မှုရှိစေရေး၊ စာကြည့် တိုက်များတွင် ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ  စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီးလူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအဓိက အထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေ များထားရှိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်အောင် စာပေကုသိုလ်ဖြင့်ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း ကောက်ရိုးမီးကဲ့သို့မဟုတ်ဘဲ ရေရှည်အတွက် ကြည့်၍ စီမံဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြော ကြားခဲ့သည်။

 

#PeopleMedia


Share this post