• Follow Us on
Latest News

Home ရခိုင္ျပည္နယ္အတြင္း ေနထိုင္ခဲ့ဖူးသူမ်ားအား ျပန္လည္လက္ခံျခင္းဆိုင္ရာလုပ္ငန္းမ်ား ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏွစ္ႏိုင္ငံကိုယ္စားလွယ္မ်ား ေဆာင္ရြက္ေန

ရခိုင္ျပည္နယ္အတြင္း ေနထိုင္ခဲ့ဖူးသူမ်ားအား ျပန္လည္လက္ခံျခင္းဆိုင္ရာလုပ္ငန္းမ်ား ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏွစ္ႏိုင္ငံကိုယ္စားလွယ္မ်ား ေဆာင္ရြက္ေန

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရခိုင္ျပည္နယ္အတြင္း ေနထိုင္ခဲ့ဖူးသူမ်ားအား ျပန္လည္လက္ခံျခင္းဆိုင္ရာလုပ္ငန္းမ်ား စိစစ္ၾကပ္မတ္ ေဆာင္ရြက္ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံကိုယ္စားလွယ္မ်ားမွ ပူးတြဲလုပ္ငန္းအဖြဲ႕(Joint Working Group – JWG) ကို ဖြဲ႕စည္း၍ လုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။

ဒီဇင္ဘာ ၁၅ ရက္ နံနက္ ၁၀ နာရီအခ်ိန္ခန္႔တြင္ အဆိုပါ၀န္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြသည္ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ၏ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Ms. Hai Kyung Jun ႏွင့္ ဒုတိယဌာေန ကိုယ္စားလွယ္ Ms. Yukiko lriyama တို႔ကို ေနျပည္ေတာ္ရွိ အစည္းအေဝး ခန္းမ၌ လက္ခံေတြ႕ဆုံစဥ္ ေဆြးေႏြးေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေတြ႕ဆံုစဥ္ လက္ရွိအေျခအေနအရ ရခိုင္ျပည္နယ္အတြင္း ပဋိပကၡျဖစ္စဥ္မ်ားေၾကာင့္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေနရပ္စြန႔္ခြာ သြားသူမ်ား ၎တို႔ဆႏၵအေလ်ာက္ေဘးကင္း လုံၿခဳံစြာျဖင့္ ဂုဏ္သိကၡာရွိစြာ ျပန္လာႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံအစိုးရ MoU ေရးထိုးထားမႈ၊ ေရးထိုးထားသည့္ MoU အရ ျမန္မာႏိုင္ငံဘက္မွ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ႏိုင္ေရး အသင့္ျပင္ဆင္လုပ္ ေဆာင္ခဲ့မႈမ်ားကို ေျပာၾကားခဲ့ၾကသည္။

ဆက္လက္ၿပီး မိမိတို႔ဌာနအေနျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ေပးပို႔လာသည့္ စာရင္းမ်ားအရ ျမန္မာႏိုင္ငံ တြင္ ေနထိုင္ခဲ့ဖူးျခင္း ရွိ၊ မရွိ တိုက္ဆိုင္စစ္ေဆး၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္အေၾကာင္းျပန္ၾကားမႈႏွင့္ ပူးတြဲလုပ္ငန္း အဖြဲ႕အစည္းအေဝးမ်ား ျပဳလုပ္ဆာင္႐ြက္ေနေၾကာင္း ေဖာ္ျပပါရွိသည္။

ထို႔အျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေနရပ္စြန႔္ခြာသြားသူမ်ားအေနျဖင့္ ျပန္လည္လက္ခံေရးလုပ္ငန္း စဥ္မ်ားအား ရွင္းရွင္းလင္းလင္း သိရွိနားလည္ႏိုင္ေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈႏွင့္ UNDP / UNHCR တို႔မွ ထပ္မံရွင္းလင္း ခ်ျပေျပာၾကားေပးႏိုင္ေရးအေျခအေနမ်ားကို ေဆာင္ရြက္လ်က္ရွိသည္။

ထို႔ေနာက္ UNHCR ဌာေနကိုယ္စားလွယ္မွ ၎သိရွိထားသည့္အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ လက္ရွိ ပကတိျဖစ္ရပ္မ်ားအေပၚ ကြင္းဆင္းေလ့လာသုံးသပ္ကာ MoU ပါ လုပ္ငန္းစဥ္မ်ား ေအာင္ျမင္‌ေရးအတြက္ ဝန္ႀကီးဌာနမ်ားႏွင့္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

အလားတူ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရ လုပ္ငန္းစဥ္ကို အေထာက္အကူျပဳႏိုင္ ေရးအတြက္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနႏွင့္ UNDP/ UNHCR တို႔အၾကား နားလည္မႈ စာခြၽန္လႊာ (MoU) ကို ၂၀၁၈ ခုႏွစ္ ဇြန္လတြင္ တစ္ႏွစ္သက္တမ္းရွိ (Exchange of Letters) ကို သုံးပြင့္ဆိုင္ လက္မွတ္ေရးထိုးၿပီးေနာက္ ၂၀၁၉ ခုႏွစ္ ေမလႏွင့္ ၂၀၂၀ ျပည့္ႏွစ္ ေမလတြင္ MoU သက္တမ္းတိုးျမႇင့္ လက္မွတ္ေရးထိုးေဆာင္႐ြက္ခဲ့မႈမ်ား ေဖာ္ျပပါရွိသည္။

#PeopleMedia #ရခိုင္ျပည္နယ္ #ဘဂၤလားေဒ့ရွ္

(unicode)
ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ဖူးသူများအား ပြန်လည်လက်ခံခြင်းဆိုင်ရာလုပ်ငန်းများ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကိုယ်စားလှယ်များ ဆောင်ရွက်နေ
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ဖူးသူများအား ပြန်လည်လက်ခံခြင်းဆိုင်ရာလုပ်ငန်းများ စိစစ်ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကိုယ်စားလှယ်များမှ ပူးတွဲလုပ်ငန်းအဖွဲ့(Joint Working Group – JWG) ကို ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေ ကိုယ်စားလှယ် Ms. Yukiko lriyama တို့ကို နေပြည်တော်ရှိ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဘူးသီးတောင်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ သွားသူများ ၎င်းတို့ဆန္ဒအလျောက်ဘေးကင်း လုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရ MoU ရေးထိုးထားမှု၊ ရေးထိုးထားသည့် MoU အရ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရေး အသင့်ပြင်ဆင်လုပ် ဆောင်ခဲ့မှုများကို ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး မိမိတို့ဌာနအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် စာရင်းများအရ မြန်မာနိုင်ငံ တွင် နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေး၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်အကြောင်းပြန်ကြားမှုနှင့် ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးများ ပြုလုပ်ဆာင်ရွက်နေကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်များအား ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် UNDP / UNHCR တို့မှ ထပ်မံရှင်းလင်း ချပြပြောကြားပေးနိုင်ရေးအခြေအနေများကို ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် UNHCR ဌာနေကိုယ်စားလှယ်မှ ၎င်းသိရှိထားသည့်အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ပကတိဖြစ်ရပ်များအပေါ် ကွင်းဆင်းလေ့လာသုံးသပ်ကာ MoU ပါ လုပ်ငန်းစဉ်များ အောင်မြင်‌ရေးအတွက် ဝန်ကြီးဌာနများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေ လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင် ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNDP/ UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ် ဇွန်လတွင် တစ်နှစ်သက်တမ်းရှိ (Exchange of Letters) ကို သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၉ ခုနှစ် မေလနှင့် ၂၀၂၀ ပြည့်နှစ် မေလတွင် MoU သက်တမ်းတိုးမြှင့် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့မှုများ ဖော်ပြပါရှိသည်။

#PeopleMedia #ရခိုင်ပြည်နယ် #ဘင်္ဂလားဒေ့ရှ်


Share this post