ရန်ကုန်တိုင်း ဝန်ကြီးချုပ် မြို့နယ်များ၏ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်စစ်ဆေး
PUBLISHED - November 18, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ အမှတ် (၃) လမ်း (ရန်ကုန် – ပဲခူးလမ်းနှင့် ခရေပင်လမ်းဆုံကြား) နှင့် ရန်ကုန် – ပဲခူးလမ်း (ရန်ကုန်တိုင်း နယ်နိမိတ်အစမှ ထောက်ကြန့်လမ်းဆုံအထိ) လမ်းဘေး (ဝဲ/ယာ) သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် လမ်းမကြီးဘေး ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်၊ ရန်ကုန် – ပဲခူး လမ်းမကြီးဘေးတွင် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ရန်ကုန် – ပဲခူးလမ်းမကြီးဘေးတွင် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လည်းကောင်း၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ရန်ကုန် – ပဲခူးလမ်းမကြီးဘေးတွင် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်၊ အမှတ် (၃) လမ်းမကြီးဘေးတွင် လမ်းနယ်တိုင်းတာခြင်းနှင့် ရေနုတ်မြောင်းဆောင်ရွက်မည့် လုပ်ငန်းဆောင်ရွက်နေမှုအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
#PeopleMedia