• Follow Us on

Home ဝေါမြို့နယ်တွင် တွဲယာဉ်ပေါ်မှ ကျပ် ၃.၇၈ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ဝေါမြို့နယ်တွင် တွဲယာဉ်ပေါ်မှ ကျပ် ၃.၇၈ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဧပြီ ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် တွဲယာဉ်ပေါ်မှ ငွေကျပ် ၃.၇၈ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဧပြီလ ၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်က တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဘုရားကြီးမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ နောင်ဝင်းထွန်း(ခ)နောင်နောင် မောင်းနှင်ပြီး အောင်ချမ်းသာ နှင့် ဝေဖြိုးကျော် တို့ လိုက်ပါလာသည့် MAN အမျိုးအစားတွဲယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင် လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁၀၀ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀၀၀)၊ ကက်တမင်း အလေးချိန် ၁၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၇၈၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ နောင်ဝင်းထွန်း(ခ)နောင်နောင် (၂၈)နှစ်၊ အောင်ချမ်းသာ(၂၃)နှစ် နှင့် ဝေဖြိုးကျော်(၂၉)နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post