• Follow Us on
Latest News

Home လက္ရွိ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား၊ ယခင္ျပည္ခိုင္ၿဖိဳး အစိုးရလက္ထက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား အားလုံးနီးပါး ၂၀၂၀ ေရြးေကာက္ပြဲတြင္ ျပန္လည္ဝင္ေရာက္ အေရြးခ်ယ္ခံမည္

လက္ရွိ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား၊ ယခင္ျပည္ခိုင္ၿဖိဳး အစိုးရလက္ထက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား အားလုံးနီးပါး ၂၀၂၀ ေရြးေကာက္ပြဲတြင္ ျပန္လည္ဝင္ေရာက္ အေရြးခ်ယ္ခံမည္

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၃

ကခ်င္ျပည္နယ္အတြင္း ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္ လက္ရွိ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ အပါအဝင္၊ ဝန္ႀကီးမ်ား ႏွင့္ ယခင္ ျပည္ခိုင္ၿဖိဳးအစိုးရလက္ထက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီး အားလုံးနီးပါး ျပန္လည္ဝင္ေရာက္ အေရြးခ်ယ္ခံမည္ ျဖစ္ေၾကာင္း ယင္းပါတီမ်ား၏ ကိုယ္စားလွယ္ေလာင္း စာရင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

လက္ရွိ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ အပါအဝင္၊ ျပည္နယ္ဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဘ႑ာ၊ အခြန္၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးေဝလင္း၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဌာန ႏွင့္ လွ်ပ္စစ္ႏွင့္ စက္မႈလက္မႈဝန္ႀကီး ဦးဝင္းၫြန္႔၊ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးဒါရွီလဆိုင္း၊ စည္ပင္သာယာေရးဝန္ႀကီး ဦးေနာ္လီ(ခ) ဇေခါင္ခမ္းရယ္၊ လူမႈေရးဝန္ႀကီး ဦးေနဝင္း၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးခင္ေမာင္ျမင့္ (ခ) ဦးဒိတ္၊ ရွမ္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းစိန္လင္း၊ လီဆူတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးအားတီေယာဟန္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ့စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္း တို႔သည္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ျပန္လည္ ဝင္ေရာက္ အေရြးခ်ယ္ခံသြားမည္ ျဖစ္သည္။

အလားတူ ယခင္ ျပည္ခိုင္ၿဖိဳးပါတီ အစိုးရလက္ထက္က ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ လက္ရွိ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလဂြၽန္ငန္ဆိုင္းႏွင့္ အတူ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ထြန္း၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဝန္ႀကီး ဦးဘီေထာေဇာင္း၊ လီဆူတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးအားဆီ တို႔သည္လည္း ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ျပန္လည္ဝင္ေရာက္ အေရြးခ်ယ္ခံၾကမည္ ျဖစ္သည္။

ထို႔အတူ ပထမႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီမွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရားဝမ္ဂ်ဳံသည္လည္း မခ်မ္းေဘာ့ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္တြင္ ျပန္လည္ ဝင္ေရာက္ အေရြးခ်ယ္ခံမည္ ျဖစ္ၿပီး လက္ရွိ ကခ်င္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးထြန္းတင္ (NLD) မွာ ေရြးေကာက္ပြဲ ဝင္ေရာက္ျခင္းမရွိေသာ္လည္း ကခ်င္ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒ ျဖစ္သည့္ ဦးဒိန္ခန္ဖုန္(ခ) ခန္လင္သည္ ပူတာအိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ပူတာအိုၿမိဳ႕နယ္တြင္ အေရြးခ်ယ္ခံမည္ ျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ကခ်င္ျပည္နယ္ရဝမ္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ျဖစ္သည့္ ဦးရမ္နမ္းဖုန္ (NLD) ႏွင့္ ယခင္ ျပည္နယ္ ရဝမ္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးဂြမ္ရိန္ဒီး (USDP) တို႔ႏွစ္ဦး စလုံးသည္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မဝင္ၿပိဳင္ ဟု သိရသည္။

ထို႔အတူ ယင္းႏွစ္ပါတီမွ ကခ်င္ျပည္နယ္အတြင္း ပထမႀကိမ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဒုတိယအႀကိမ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အားလုံးနီးပါး အေရြးခ်ယ္ခံ ဝင္ေရာက္ၾကမည္ျဖစ္ၿပီး အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက ကိုယ္စားလွယ္ေလာင္း ၃၆ ဦး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ USDP က ကိုယ္စားလွယ္ေလာင္း ၃၉ ဦး အထိ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမည္ ျဖစ္သည္။

ကခ်င္ျပည္နယ္အတြင္း ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ပါတီေပါင္း (၁၉) ပါတီ မွ ကိုယ္စားလွယ္ေလာင္းမ်ား၊ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းမ်ား ဝင္ေရာက္ အေရြးခ်ယ္ခံၾကမည္ ျဖစ္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေရမွာ ျပည္သူ့လႊတ္ေတာ္ (၁၁၉) ဦး၊ အမ်ိဳးသားလႊတ္ေတာ္ (၈၇) ဦး၊ ျပည္နယ္လႊတ္ေတာ္(၁) (၁၂၃) ဦး၊ ျပည္နယ္လႊတ္ေတာ္ (၂) (၁၂၃) ဦး၊ ဗမာ (၈) ဦး၊ ရွမ္း (၈) ဦး၊ ရဝမ္ (၆) ဦး၊ လီဆူ (၈) ဦး စုစုေပါင္း (၄၈၂) ဦး အထိ ဝင္ေရာက္ယွဉ္ၿပိဳင္ၾကမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမွ သိရသည္။

ျပည့္ၿဖိဳး(EPN)

#2020Election #KachinState #USDP #NLD #Myitkyina #PeopleMedia

(unicode)
လက်ရှိ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ယခင်ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အားလုံးနီးပါး ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် အရွေးချယ်ခံမည်
…………………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၃

ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင်၊ ဝန်ကြီးများ နှင့် ယခင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး အားလုံးနီးပါး ပြန်လည်ဝင်ရောက် အရွေးချယ်ခံမည် ဖြစ်ကြောင်း ယင်းပါတီများ၏ ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင်၊ ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသည့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း တို့သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြန်လည် ဝင်ရောက် အရွေးချယ်ခံသွားမည် ဖြစ်သည်။

အလားတူ ယခင် ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်က ကချင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဂျွန်ငန်ဆိုင်းနှင့် အတူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာခင်မောင်ထွန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘီထောဇောင်း၊ လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအားဆီ တို့သည်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် အရွေးချယ်ခံကြမည် ဖြစ်သည်။

ထို့အတူ ပထမကြိမ် ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ လက်ရှိ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရားဝမ်ဂျုံသည်လည်း မချမ်းဘော့မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်တွင် ပြန်လည် ဝင်ရောက် အရွေးချယ်ခံမည် ဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင် (NLD) မှာ ရွေးကောက်ပွဲ ဝင်ရောက်ခြင်းမရှိသော်လည်း ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် ဦးဒိန်ခန်ဖုန်(ခ) ခန်လင်သည် ပူတာအိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပူတာအိုမြို့နယ်တွင် အရွေးချယ်ခံမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကချင်ပြည်နယ်ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဖြစ်သည့် ဦးရမ်နမ်းဖုန် (NLD) နှင့် ယခင် ပြည်နယ် ရဝမ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဂွမ်ရိန်ဒီး (USDP) တို့နှစ်ဦး စလုံးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဝင်ပြိုင် ဟု သိရသည်။

ထို့အတူ ယင်းနှစ်ပါတီမှ ကချင်ပြည်နယ်အတွင်း ပထမကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ်လွှတ်တော် ကိုယ်စားလှယ်များ အားလုံးနီးပါး အရွေးချယ်ခံ ဝင်ရောက်ကြမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်လောင်း ၃၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ကိုယ်စားလှယ်လောင်း ၃၉ ဦး အထိ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း (၁၉) ပါတီ မှ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် အရွေးချယ်ခံကြမည် ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေမှာ ပြည်သူ့လွှတ်တော် (၁၁၉) ဦး၊ အမျိုးသားလွှတ်တော် (၈၇) ဦး၊ ပြည်နယ်လွှတ်တော်(၁) (၁၂၃) ဦး၊ ပြည်နယ်လွှတ်တော် (၂) (၁၂၃) ဦး၊ ဗမာ (၈) ဦး၊ ရှမ်း (၈) ဦး၊ ရဝမ် (၆) ဦး၊ လီဆူ (၈) ဦး စုစုပေါင်း (၄၈၂) ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ပြည့်ဖြိုး(EPN)

#2020Election #KachinState #USDP #NLD #Myitkyina #PeopleMedia


Share this post