• Follow Us on
Latest News

Home OPF-L စီမံချက်အတွက် အမေရိကန်မရိန်းတပ်က Switchblade 300 Block 20 ဒရုန်းတွေ ဝယ်ယူမည်

OPF-L စီမံချက်အတွက် အမေရိကန်မရိန်းတပ်က Switchblade 300 Block 20 ဒရုန်းတွေ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၃

 

အမေရိကန် မရိန်းတပ်ဖွဲ့ဟာ ၎င်းတို့ရဲ့ Organic Precision Fires-Light (OPF-L) စီမံချက် ပထမအဆင့်အ တွက် Switchblade 300 Block 20 ဒရုန်းတွေ ဝယ်ယူသွားဖို့ AeroVironment ကုမ္ပဏီနဲ့ ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

ဒေါ်လာ ၈.၉ သန်းတန်ကြေးရှိ ကနဦးစာချုပ်ချုပ်ဆိုပြီးနောက် ဒေါ်လာ ၂၄၉ သန်းတန်ကြေးရှိ စာချုပ် ထပ်မံ ချုပ်ဆိုဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ပြိုင်ဘက်ကုမ္ပဏီ ၈ ခုရှိတဲ့အနက် Anduril ကုမ္ပဏီနဲ့ Teledyne FLIR ကုမ္ပဏီတို့ကိုလည်း စီမံကိန်းအတွက် ရွေးချယ်ထားပါတယ်။

 

“မရိန်းတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေး OPF-L စီမံချက်ကို ထောက်ပံ့ဖို့အတွက် တိုက်ပွဲအ တွေ့အကြုံရှိပြီး ထုတ်လုပ်ဖို့အသင့်ဖြစ်နေတဲ့ လက်နက်စနစ်တစ်ခုကို AeroVironment ကုမ္ပဏီက ကမ်းလှမ်း ထားပါတယ်။” လို့ AV ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌဘရပ်တ်ဟပ်ရှ်က ပြောပါတယ်။

 

“ကမ္ဘာ့အဆင့် လေ့ကျင့်သင်ကြားမှု၊ ထောက်ပံ့မှုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ ရင့်ကျက်ပြီး ယုံကြည်အားထားရတဲ့ ထုတ်လုပ်မှုစွမ်းရည်က မရိန်းတပ်ရင်းတွေ တိုက်ပွဲဝင်နိုင်ရေးအတွက် လို အပ်တဲ့ ပြင်ဆင်မှုတွေကို တိကျသေချာအောင် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Switchblade 300 Block 20 တိုက်ခိုက်ရေးဒရုန်း (အသေခံဒရုန်း) ဟာ သံချပ်ကာဖောက်ထွင်းနိုင်စွမ်း၊ ပစ်မှတ် တိုက်ခိုက်ရေးထောင့်၊ ဘက်ထရီသက်တမ်း၊ တစ်ဆက်တည်းပျံသန်းနိုင်မှုအကွာအဝေးနဲ့ ရေဒီယိုဆက်သွယ် ရေးချိတ်ဆက်မှုအကွာအဝေးအပါအဝင် Switchblade 300 ဒရုန်းကို ထပ်မံအဆင့်မြှင့်တင်ထားတဲ့ ဒရုန်းအမျိုး အစား ဖြစ်ပါတယ်။

 

“Switchblade loitering ဒရုန်းဒုံးကျည် အစင်း ၆၀၀၀ ကျော်ကို စမ်းသပ်၊ ထုတ်လုပ်၊ လက်တွေ့အသုံးပြုခဲ့ြ့ပီး ဖြစ်တဲ့အတွက် AV ကုမ္ပဏီဟာ အမေရိကန်မရိန်းတပ်ဖွဲ့အတွက် အဆင့်မြင့်တိုက်ခိုက်ရေးလက်နက်တွေကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတဲ့ ပြိုင်ဘက်ကင်းအနေအထားမှာ ရည်တည်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။” လို့ ဘရပ်တ် ဟပ်ရှ်က ပြောပါတယ်။

 

Ref: US Marines Select Switchblade 300 Loitering Munition for Precision Fires Program

 

#PeopleMedia


Share this post