• Follow Us on
Latest News

Home လူဦးရေ ၇ ဦးအထိ သေဆုံးမှုရှိခဲ့သည့် ဖြစ်စဉ်အပေါ်တွင် ကျေနပ်မှုမရှိသည့်အတွက် မြိုင်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် ဝန်ထမ်း ၃၀ ကျော် CDM လှုပ်ရှားမှုတွင်ပါဝင်လာ

လူဦးရေ ၇ ဦးအထိ သေဆုံးမှုရှိခဲ့သည့် ဖြစ်စဉ်အပေါ်တွင် ကျေနပ်မှုမရှိသည့်အတွက် မြိုင်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် ဝန်ထမ်း ၃၀ ကျော် CDM လှုပ်ရှားမှုတွင်ပါဝင်လာ

Share this post

ရန်ကုန် ၊ မတ် ၁၃ (PeopleMedia)

မကွေတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် မတ်လ ၁၁ ရက်နေ့က သေဆုံးသူဦးရေ ၇ ဦးအထိရှိခဲ့ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိသည့်အတွက် မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး မှ CDM လှုပ်ရှားမှုတွင် ပါဝင်လာကြောင်း သိရသည်။

အဆိုပါ CDM လှုပ်ရှားမှုတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများမှ ဝန်ထမ်း အရေအတွက် ၃၀ အထိ ပါဝင်ခဲ့ကြောင်း သိရသည်။

CDM လှုပ်ရှားမှုများအရှိန်မြှင့်လာသည်နှင့်အမျှ လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ ၊ ဆရာဝန်များ ၊ တရားရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ ၊ လျှပ်စစ်ဝန်ထမ်းများ ၊ အပါအဝင် နိုင်ငံဝန်ထမ်းအသီးသီးက ဆန္ဒထုတ်ဖော်မှုများပြုလုပ်လျက်ရှိသည်။

#PeopleMedia #CDM


Share this post