• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ဒုမြို့နယ် ဥပဒေအရာရှိအပါအဝင် ၃၁ ဦးအား တာဝန်ပျက်ကွက်သဖြင့် ယာယီရပ်ဆိုင်းခံရ

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ဒုမြို့နယ် ဥပဒေအရာရှိအပါအဝင် ၃၁ ဦးအား တာဝန်ပျက်ကွက်သဖြင့် ယာယီရပ်ဆိုင်းခံရ

Share this post

ရန်ကုန်၊ မတ် ၁၃( People Media)

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ဒုမြို့နယ် ဥပဒေအရာရှိအပါအဝင် ၃၁ ဦးအား တာဝန်ပျက်ကွက်သဖြင့် တာဝန်မှယာယီရပ်ဆိုင်းကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် လက်အောက်ခံဥပဒေရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဖော်ပြပါ ဝန်ထမ်း ၃၁ ဦးသည် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခွင့်ရက်ထက်ပို၍နေခြင်း၊ ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ် ဝငျရောကျရနျ ပျက်ကွက်ခြင်းနှင့် လုံလောက်သောအကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်ခြင်းတို့ကြောင့် မတ် ၁၀ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ တာဝန်မှယာယီရပ်ဆိုင်းကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ၎င်းတို့အား တာဝန်မှယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း ပထမတစ်နှစ်အတွက် လစာ ၁ /၂ ရာခိုင် နှုန်းကို လည်းကောင်း၊ တစ်နှစ်ပြည့်ပြီးနောက်ပိုင်း ကာလအတွက် ပျှမ်းမျှလစာ၏ ၃ /၈ ရာခိုင်နှုန်းကိုလည်းကောင်း စားစရိတ်ထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ အဆိုပါပျက်ကွက်ခဲ့သည့်ဝန်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

#PeopleMedia #ဥပဒေချုပ်ရုံး


Share this post