• Follow Us on

Home CDM လုပ်နေသည့် အင်းစိန်မီးရထားဝန်ထမ်းများ ယခုလ(၁၅)ရက်နေ့ ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ လာရောက်ပြောဆို

CDM လုပ်နေသည့် အင်းစိန်မီးရထားဝန်ထမ်းများ ယခုလ(၁၅)ရက်နေ့ ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ လာရောက်ပြောဆို

Share this post

ရန်ကုန်၊ မတ် – ၁၃

CDM တွင် ပါဝင်ဆောင်ရွက်နေသည့် အင်းစိန်မီးရထားဝန်ထမ်းကို မတ်လ(၁၅)ရက်နေ့ နောက်ဆုံးထားပြီး ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားပေးရန် ယနေ့နံနက်ပိုင်းက တပ်မတော်တာဝန်ရှိသူများက လာရောက်ပြောဆိုခဲ့ကြောင်း အဆိုပါ မီးရထားဝင်း နေထိုင်သူများထံမှ သိရသည်။

ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် အင်အားတစ်ရာနီးပါးခန့်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ အင်းစိန်မီးရထားဝင်းများကို ဝင်ရောက်လာခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်သူမှ ဘာမှမလုပ်ဘူး အလုပ်ပဲပြန်ဆင်းပေးပါလို့ ပြောတယ်။ မဆင်းရင် ဝန်ထမ်းအိမ်က ၁၅ ရက်နေ့ နောက်ဆုံးပြောင်းပေးလို့တော့ ပြောတယ်လို့သိရတယ်၊ ပြီးတော့ လမ်းတွေအိမ်တွေကိုလည်း လိုက်ကြည့်သွားတယ်” ဟု အင်းစိန်မီးရထားဝင်း နေထိုင်သူတစ်ဦးက ပြောသည်။

အင်းစိန်မီးရထားဝင်းတွင် လက်ရှိ နေထိုင်နေသည့် ဝန်ထမ်း ၄၀၀ နီးပါးရှိပြီး ယင်းဝန်ထမ်းများထဲမှ တော်တော်များများမှာတော့ လက်ရှိ CDM တွင် ပါဝင်လှုပ်ရှားနေကြသူများ ဖြစ်ကြောင်း သိရသည်။

#peoplemedia #အင်းစိန် #မီးရထားဝင်း


Share this post