• Follow Us on
Latest News

Home လူး၀စ္ဗီးလ္ၿမိဳ႕တြင္ ရဲအရာ႐ွိ ၂ ေယာက္ပစ္ခတ္ခံရ

လူး၀စ္ဗီးလ္ၿမိဳ႕တြင္ ရဲအရာ႐ွိ ၂ ေယာက္ပစ္ခတ္ခံရ

Share this post

လူး၀စ္ဗီးလ္၊ စက္တင္ဘာ ၂၄

ဗုဒၶဟူးေန႔က ဆႏၵျပမႈတစ္ခုအတြင္း လူး၀စ္ဗီးလ္ၿမိဳ႕မွရဲအရာ႐ွိ ၂ ေယာက္ပစ္ခတ္ခံခဲ့ရၿပီး သံသယတရားခံတစ္ေယာက္ကို ဖမ္းဆီးထိန္းသိမ္းထားသည္ဟု ရဲမ်ားကေျပာသည္။

မတ္လက အေမရိကန္သူနာျပဳ လူမည္းအမ်ိဳးသမီး ဘရီယြန္နာ ေတလာကို အိမ္တြင္း၀ရမ္းမပါဘဲ၀င္ေရာက္ၿပီး ပစ္ခတ္မႈတြင္ပါ၀င္ခဲ့သူမ်ားထဲမွ ရဲအရာ႐ွိတစ္ေယာက္ကိုသာ စြဲခ်က္တင္ၿပီးေနာက္ ထိုၿမိဳ႕တြင္ ဆႏၵျပမႈမ်ားျဖစ္ပြားေနသည္။

ယခုပစ္ခံခဲ့ရသည့္ရဲအရာ႐ွိ ၂ ေယာက္စလံုး အသက္အႏၱရာယ္မစိုးရိမ္ရဘဲ ၂ ေယာက္စလံုး တည္ၿငိမ္သည့္အေျခအေနတြင္႐ွိေနၿပီး ကုသမႈေပးႏိုင္ေၾကာင္း လူး၀စ္ဗီးလ္ၿမိဳ႕ရဲတပ္ဖြဲ႔ယာယီအႀကီးအကဲ ေရာဘတ္ ႐ွ႐ိုဒါက သတင္းေထာက္မ်ားကိုေျပာသည္။

စီးနင္းမႈအတြင္း အင္အားသံုးမႈသည္ ဥပေဒႏွင့္ညီညြတ္သည္ဟုဆိုကာ ေတလာ၏တိုက္ခန္းအတြင္း ပစ္ခတ္ခဲ့သည့္လူျဖဴရဲအရာ႐ွိ ၂ ေယာက္ကို အမႈစစ္သြားမည္မဟုတ္ဟု အေစာပိုင္းက လူး၀စ္ဗီးလ္ၿမိဳ႕႐ွိသည့္ကင္တပ္ကီျပည္နယ္၏ေ႐ွ႕ေနခ်ဳပ္ ဒန္နီရယ္ ကင္မ႐ြန္းကေျပာသည္။

ေတလာ၏အခန္းနီးခ်င္းမ်ားကို ယမ္း၍ပစ္ခဲ့သည္ဟုဆိုကာ တတိယအရာ႐ွိတစ္ေယာက္ကုိ ေပ်ာ္ေစပ်က္ေစအႏၱရာယ္ျဖစ္ေစမႈ ၃ မႈျဖင့္ တရားစြဲဆိုထားသည္။

လူဦးေရ ၆ သန္းေက်ာ္႐ွိၿပီး ကင္တပ္ကီျပည္နယ္၏အႀကီးဆံုးၿမိဳ႕ျဖစ္သည့္လူး၀စ္ဗီးလ္တြင္ ထိုတရားစြဲမႈမ်ား ေနာက္ပိုင္း လူမည္းမ်ားအသက္အေရးမႀကီးသေ႐ြ႕ မည္သည့္အသက္မွအေရးမႀကီးဟုေႂကြးေၾကာ္ကာ ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ၿပီး ရဲအရာ႐ွိ ၂ ေယာက္ပစ္ခတ္ခံရျခင္းျဖစ္သည္။

Ref : Two police officers shot in Louisville, one suspect in custody amid Breonna Taylor protests

#PeopleMedia

(Unicode)
လူးဝစ်ဗီးလ်မြို့တွင် ရဲအရာရှိ ၂ ယောက်ပစ်ခတ်ခံရ
……………………………

လူးဝစ်ဗီးလ်၊ စက်တင်ဘာ ၂၄

ဗုဒ္ဓဟူးနေ့က ဆန္ဒပြမှုတစ်ခုအတွင်း လူးဝစ်ဗီးလ်မြို့မှရဲအရာရှိ ၂ ယောက်ပစ်ခတ်ခံခဲ့ရပြီး သံသယတရားခံတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ရဲများကပြောသည်။

မတ်လက အမေရိကန်သူနာပြု လူမည်းအမျိုးသမီး ဘရီယွန်နာ တေလာကို အိမ်တွင်းဝရမ်းမပါဘဲဝင်ရောက်ပြီး ပစ်ခတ်မှုတွင်ပါဝင်ခဲ့သူများထဲမှ ရဲအရာရှိတစ်ယောက်ကိုသာ စွဲချက်တင်ပြီးနောက် ထိုမြို့တွင် ဆန္ဒပြမှုများဖြစ်ပွားနေသည်။

ယခုပစ်ခံခဲ့ရသည့်ရဲအရာရှိ ၂ ယောက်စလုံး အသက်အန္တရာယ်မစိုးရိမ်ရဘဲ ၂ ယောက်စလုံး တည်ငြိမ်သည့်အခြေအနေတွင်ရှိနေပြီး ကုသမှုပေးနိုင်ကြောင်း လူးဝစ်ဗီးလ်မြို့ရဲတပ်ဖွဲ့ယာယီအကြီးအကဲ ရောဘတ် ရှရိုဒါက သတင်းထောက်များကိုပြောသည်။

စီးနင်းမှုအတွင်း အင်အားသုံးမှုသည် ဥပဒေနှင့်ညီညွတ်သည်ဟုဆိုကာ တေလာ၏တိုက်ခန်းအတွင်း ပစ်ခတ်ခဲ့သည့်လူဖြူရဲအရာရှိ ၂ ယောက်ကို အမှုစစ်သွားမည်မဟုတ်ဟု အစောပိုင်းက လူးဝစ်ဗီးလ်မြို့ရှိသည့်ကင်တပ်ကီပြည်နယ်၏ရှေ့နေချုပ် ဒန်နီရယ် ကင်မရွန်းကပြောသည်။

တေလာ၏အခန်းနီးချင်းများကို ယမ်း၍ပစ်ခဲ့သည်ဟုဆိုကာ တတိယအရာရှိတစ်ယောက်ကို ပျော်စေပျက်စေအန္တရာယ်ဖြစ်စေမှု ၃ မှုဖြင့် တရားစွဲဆိုထားသည်။

လူဦးရေ ၆ သန်းကျော်ရှိပြီး ကင်တပ်ကီပြည်နယ်၏အကြီးဆုံးမြို့ဖြစ်သည့်လူးဝစ်ဗီးလ်တွင် ထိုတရားစွဲမှုများ နောက်ပိုင်း လူမည်းများအသက်အရေးမကြီးသရွေ့ မည်သည့်အသက်မှအရေးမကြီးဟုကြွေးကြော်ကာ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ရဲအရာရှိ ၂ ယောက်ပစ်ခတ်ခံရခြင်းဖြစ်သည်။

Ref : Two police officers shot in Louisville, one suspect in custody amid Breonna Taylor protests

#PeopleMedia


Share this post