သန်လျင်မြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်၊ PEB စတီးမြန်မာကုမ္ပဏီတွင် သံစင်များ ပြိုကျပြီး အလုပ်သမား(၁)ဦး ပိမိ သေဆုံး
PUBLISHED - November 26, 2026
နေပြည်တော်၊ နို၀င်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်၊ PEB စတီးမြန်မာကုမ္ပဏီတွင် ယမန်နေ့ မွန်းလွဲ ၂နာရီ ၂၁မိနစ်အချိန်က သံစင်များ ပြိုကျပြီး အလုပ်သမား(၁)ဦး ပိမိ သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
PEB စတီးမြန်မာကုမ္ပဏီတွင် သံစင်များ ပြိုကျပြီး အလုပ်သမား(၁)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ညနေ ၄နာရီ ၃၃မိနစ်အချိန်တွင် Steel Hollow ချောင်းများ ပြိုကျ၍ ပိမိသေဆုံးသူ အမျိုးသား (၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပြီး ကျောက်တန်းမြို့နယ်နာရေးကူညီမှုအသင်းမှ ယာဉ်ဖြင့် ကျောက်တန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia