• Follow Us on
Latest News

Home သမိုင်းလမ်းဆုံ City Mart အနီးရှိ လုံခြုံရေးဘန်ကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိ

သမိုင်းလမ်းဆုံ City Mart အနီးရှိ လုံခြုံရေးဘန်ကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သမိုင်းလမ်းဆုံ၊ City Mart အနီးရှိ လုံခြုံရေးဘန်ကာသည် လက်ပစ်ဗုံး ဖြင့် ပစ်ခတ်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

“ဒီနေ့ နံနက် ၁၀ နာရီကျော်လောက်က ဖြစ်သွားတာ။ လုံခြုံရေးကင်းရဲ ဘန်ကာကို လက်ပစ်ဗုံးနဲ့ ပစ်သွားတာ။ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်သွားတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အမည်မသိသူများက City Mart အနီးရှိ လုံခြုံရေးဘန်ကာအတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းခဲ့သော်လည်း လက်ပစ်ဗုံးသည် ဘန်ကာအနီး၌ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

 

အလားတူ ပြီးခဲ့သည့်လပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးဂိတ်များ ပစ်ခတ်ခံရပြီး လုံ ခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သလို ကျူးလွန်သူ သေနတ်သမားများကိုလည်း ဖမ်းဆီးနိုင်ခဲ့ သည်။

 

#PeopleMedia #သမိုင်းလမ်းဆုံ

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post