• Follow Us on
Latest News

Home ဟန်ကောင်းစစ်ရေးလေ့ကျင့်မှု အရေးကြီးကြောင်း ထိုင်ဝမ်သမ္မတပြောဆို

ဟန်ကောင်းစစ်ရေးလေ့ကျင့်မှု အရေးကြီးကြောင်း ထိုင်ဝမ်သမ္မတပြောဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄ (People Media)

 

ဟန်ကောင်းစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်နိုင်ငံကာကွယ်ရေးအတွက် ထိုင်ဝမ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သား ပြည့်ဝမှုကို သရုပ်ပြရာတွင် စမ်းသပ်ခြင်းဖြစ်သည်ဟုပြောဆိုပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုသည်တိုင်းပြည်အ တွက်အရေးကြီးကြောင်း ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က စက်တင်ဘာလ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။

 

တကယ့်စစ်မြေပြင်ကိုကိုယ်စားပြုပြီးဆောင်ရွက်နေသည့် ထိုင်ဝမ်တပ်မတော်မှ တပ်ဖွဲ့ဝင်အသီးသီး၏ စစ်ရေး လေ့ကျင့်မှုများကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် သမ္မတစိုင်းအင်ဝန်က ညွှန်ပြခဲ့သည်။ ထိုင်ဝမ်နိုင်ငံ၏ ဝေဟင်၊ ရေပြင်၊ မြေပြင်တို့ကိုကာကွယ် ရာတွင် အနားယူရန်အချိန်မရှိကြောင်း စိုင်းအင်ဝန်ကပြောသည်။

 

ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာ စက်တင်ဘာ ၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်တပ်မတော် အနေဖြင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေစဉ်အတွင်း ကိုဗစ်ကပ်ရောဂါဘေးကာကွယ်ရေးကိုလည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း စိုင်းအင်ဝန်ကပြောသည်။ စစ်ရေးလေ့ကျင့်မှု ပထမနေ့တွင် ဇီဝစစ်ပွဲတိုက်ခိုက်မှုများအဖြစ် ဖန်တီးထားသည့်စစ်မြေပြင်တွင် ဆေးတပ်ဖွဲ့ဝင်များ၏ဆောင်ရွက်မှုများကို သရုပ်ပြလေ့ကျင့်သကဲ့သို့ တိုက်ခိုက် ရေးအင်အားကို ထိန်းသိမ်းထားသည့်သရုပ်ပြမှုများကို အဓိကထားဆောင်ရွက်ခဲ့ကြောင်း သူမကပြောသည်။

 

ထိုင်ဝမ်စစ်သည်များသည် တပ်ဖွဲ့ဝင်များ၊ ယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများပေါ်မှ ရေဒီယိုသတ္တိကြွပစ္စည်း များကို ဖယ်ရှားပစ်သည့်လေ့ကျင့်ခန်းများအား လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြပြီး ဒဏ်ရာအခြေအနေများခွဲ ခြားသတ်မှတ်ခြင်း၊ ပြုစုကုသပေးခြင်းနှင့် ဘေးကင်းလုံခြုံရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ “ဒီလိုစစ်ရေးလေ့ကျင့်မှုတွေဟာ အမျိုးသားလုံခြုံရေးအတွက် ခိုင်မာတဲ့အုတ်မြစ်တစ်ခုကို တည်ဆောက်ပေးတာပါပဲ။” ဟု သူမကပြောသည်။

 

လာမည့်ရက်များတွင် ထိုင်ဝမ်ဂျက်တိုက်လေယာဉ်များ အတက်/ အဆင်း လေ့ကျင့်ခြင်း၊ ကမ်းရိုးတန်းကာကွယ် ရေးအတွက် ရေတပ်နှင့်ပူးတွဲလေ့ကျင့်ခြင်းနှှင့် မြို့တွင်း တိုက်ပွဲများလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထိုင်ဝမ်သမ္မတကပြောသည်။

 

“ဒီလေ့ကျင့်မှုဟာ စစ်ရေးလေ့ကျင့်မှုကို စမ်းသပ်တဲ့ပွဲတစ်ပွဲပါ။ ထိုင်ဝမ်နိုင်ငံကို ကာကွယ်ဖို့အတွက် ထိုင်ဝမ်နိုင် ငံက သံန္နိဋ္ဌာန်ချမှတ်ထားတာကို ထုတ်ဖော်ပြသရမယ့် အချိန်ပါပဲ။” ဟု သူမကပြောသည်။

 

Ref: Taiwan president affirms Han Kuang military exercise importance

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 

Ref: Taiwan president affirms Han Kuang military exercise importance

 

#PeopleMedia


Share this post