• Follow Us on
Latest News

Home အရက်သောက်ပြီး တနိုင်းချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

အရက်သောက်ပြီး တနိုင်းချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

Share this post

မြစ်ကြီးနား၊ မတ် ၂၁

 

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဆင်မ်ဆားရပ်ကွက်မှ လူငယ်တစ်ဦး အရက်သောက်ပြီး တနိုင်းချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးသည့်ဖြစ်စဉ်တစ်ခု မတ်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဆင်မ်ဆားရပ် ကွက်ရှိ ဒေသခံများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဆင်မ်ဆားရပ်ကွက်မှ ရတနာစိန်တွင်ခုံတွင်နေထိုင်သော ကိုကတုံးမှာ မတ်လ ၁၉ ရက်နေ့ ညနေ ပိုင်းက သူငယ်ချင်းများနှင့်အတူ အရက်သောက်စားပြီးနောက် ချောင်းအတွင်း တစ်ယောက်တည်းဆင်း၍ ရေဆင်းကူးရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့်အတူ ချောင်းအတွင်း ရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိဘဲ မတ် ၂၀ ရက်နေ့ မနက် ၁၀ ခန့်မှသာ ယာယီတံတားအနီး ပြန်လည်တွေ့ရှိခဲ့ကြောင်း ရွာခံ တစ်ဦးက ပြောဆိုသည်။

 

“ကျွန်တော်တို့လည်းဖြစ်တဲ့နေ့ကတည်းက ရှာနေတာ။ ဒါပေမယ့် လူတွေလည်း ဝိုင်းအုံနေတော့ ရုပ်အလောင်း ကိုတော့ ပြန်ရှာမတွေ့ကြဘူး၊ အဲ့တာနဲ့ နောက်နေ့မှာ မီးသတ်တပ်ဖွဲ့တွေရော၊ ရွာကလူတွေရော ပြန်ပြီးရှာကြ တဲ့အခါ မနက်ပိုင်း ၁၀ နာရီလောက်မှာ ယာယီဆောက်ထားတဲ့ တံတားနားမှာ ရုပ်အလောင်းကို ပြန်တွေ့တယ်” ဟု ၎င်းက ပြောသည်။

 

အဆိုပါ ရုပ်အလောင်းကို တာဝန်ရှိသူများမှ ပြည်သူ့ဆေးရုံသို့ တင်ပို့စစ်ဆေးပြီး နေ့လည်ပိုင်းတွင် ရုပ်အ လောင်းအား မီးသြင်္ဂိုလ်ခဲ့ကြောင်း သိရသည်။

 

လင်းယုန်

 

#PeopleMedia #EPN

 

(unicode)


………………………………………….

 


 


 


 


 


 


 


 

#PeopleMedia #EPN


Share this post