• Follow Us on
Latest News

Home အသံထက္ႏွစ္ဆျမန္ေသာ ေရဒါဖ်က္ဒုံးက်ည္ အိႏၵိယနိုင္ငံ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္

အသံထက္ႏွစ္ဆျမန္ေသာ ေရဒါဖ်က္ဒုံးက်ည္ အိႏၵိယနိုင္ငံ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ – ၁၀

အိႏၵိယေလတပ္က ဆူခြိဳင္း ဂ်က္တိုက္ေလယာဥ္မ်ားတြင္တပ္ဆင္၍ ရန္သူ႔ေရဒါမ်ား၊ ေစာင့္ၾကည့္ေရး စနစ္မ်ားကို ေခ်မႈန္းပစ္နိုင္ေသာ ဒုံးက်ည္တစ္မ်ိဳးျဖစ္သည့္ ႐ူဒရန္ ၁ ဒုံးက်ည္ကို အိႏၵိယနိုင္ငံက ယေန႔ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ခဲ့သည္။

ကာကြယ္ေရးဆိုင္ရာ သုေတသနႏွင့္ ဖြံ့ၿဖိဳးေရးအဖြဲ႕အစည္းက ထုတ္လုပ္သည့္ ယခုစမ္းသပ္ပစ္လႊတ္သည့္ ဒုံးက်ည္က အသံထက္ႏွစ္ဆျမန္ေၾကာင္း အိႏၵိယအစိုးရက ေျပာၾကားခဲ့သည္။

ယခုဒုံးက်ည္ကို ဘဂၤလားပင္လယ္ေအာ္ အိုဒစ္ရွာျပည္နယ္ကမ္းလြန္ရွိ ဘာလာဆိုး ယာယီဒုံးပစ္ကြင္းမွေန၍ နံနက္ ၁၀ နာရီ မိနစ္ ၃၀ တြင္ စမ္းသပ္ခဲ့ျခင္းျဖစ္သည္။

“ဒါဟာ ႀကီးမားတဲ့ေျခလွမ္းတစ္ရပ္ျဖစ္ပါတယ္” ဟု ဒုံးက်ည္ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္နိုင္မႈႏွင့္ ပတ္သက္၍ အစိုးရအႀကီးတန္းတာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

အိႏၵိယေလတပ္ဖြဲ႕အေနျဖင့္ ရန္သူ၏ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ရန္သူ႔ပိုင္နက္နယ္ေျမအထိ ထိုးေဖာက္ဖ်က္ဆီးနိုင္စြမ္းရွိလာမည္ျဖစ္သည္။

ယခုဒုံးက်ည္ကို အျမင့္ မီတာ ၅၀၀ မွ ၁၅ ကီလိုမီတာအထိ ပစ္လႊတ္နိုင္ၿပီး ကီလိုမီတာ ၂၅၀ အတြင္းရွိ ပစ္မွတ္မ်ားကို ထိမွန္ေအာင္ပစ္ခတ္နိုင္သည္ဟုဆိုသည္။

အသံထက္ႏွစ္ဆျမန္ေသာ ဒုံးက်ည္မ်ား တီထြင္ထုတ္လုပ္နိုင္မႈအတြက္ ကာကြယ္ေရးဆိုင္ရာ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးအဖြဲ႕အစည္းကို ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း ကာကြယ္ေရးဝန္ႀကီး ရာနတ္ဂ်္ဆင္းက တြစ္တာလူမႈကြန္ ရက္တြင္ ေရးသားခဲ့သည္။

ကိုးကား – ဟိႏၵဴစတန္တိုင္းမ္

Ref; India test-fires Rudram 1, its first anti-radiation missile to kill enemy radars

#PeopleMedia

(Unicode)
အသံထက်နှစ်ဆမြန်သော ရေဒါဖျက်ဒုံးကျည် အိန္ဒိယနိုင်ငံ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
……………………………………

နိုင်ငံတကာ၊ အောက်တိုဘာ – ၁၀

အိန္ဒိယလေတပ်က ဆူခွိုင်း ဂျက်တိုက်လေယာဉ်များတွင်တပ်ဆင်၍ ရန်သူ့ရေဒါများ၊ စောင့်ကြည့်ရေး စနစ်များကို ချေမှုန်းပစ်နိုင်သော ဒုံးကျည်တစ်မျိုးဖြစ်သည့် ရူဒရန် ၁ ဒုံးကျည်ကို အိန္ဒိယနိုင်ငံက ယနေ့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်။

ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းက ထုတ်လုပ်သည့် ယခုစမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်က အသံထက်နှစ်ဆမြန်ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

ယခုဒုံးကျည်ကို ဘင်္ဂလားပင်လယ်အော် အိုဒစ်ရှာပြည်နယ်ကမ်းလွန်ရှိ ဘာလာဆိုး ယာယီဒုံးပစ်ကွင်းမှနေ၍ နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

“ဒါဟာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်မှုနှင့် ပတ်သက်၍ အစိုးရအကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယလေတပ်ဖွဲ့အနေဖြင့် ရန်သူ၏လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရန်သူ့ပိုင်နက်နယ်မြေအထိ ထိုးဖောက်ဖျက်ဆီးနိုင်စွမ်းရှိလာမည်ဖြစ်သည်။

ယခုဒုံးကျည်ကို အမြင့် မီတာ ၅၀၀ မှ ၁၅ ကီလိုမီတာအထိ ပစ်လွှတ်နိုင်ပြီး ကီလိုမီတာ ၂၅၀ အတွင်းရှိ ပစ်မှတ်များကို ထိမှန်အောင်ပစ်ခတ်နိုင်သည်ဟုဆိုသည်။

အသံထက်နှစ်ဆမြန်သော ဒုံးကျည်များ တီထွင်ထုတ်လုပ်နိုင်မှုအတွက် ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းကို ချီးကျူးဂုဏ်ပြုပါကြောင်း ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းက တွစ်တာလူမှုကွန် ရက်တွင် ရေးသားခဲ့သည်။

ကိုးကား – ဟိန္ဒူစတန်တိုင်းမ်

Ref; India test-fires Rudram 1, its first anti-radiation missile to kill enemy radars

#PeopleMedia


Share this post