• Follow Us on

Home ဒုတိယမြောက်သမ္မတလောင်းစကားစစ်ထိုးပွဲ ကျင်းပဖြစ်မည်မဟုတ်ဟု စကားစစ်ထိုးပွဲကျင်းပရေးကော်မရှင် ကြေညာ


Share this post









#PeopleMedia

(Unicode)
ဒုတိယမြောက်သမ္မတလောင်းစကားစစ်ထိုးပွဲ ကျင်းပဖြစ်မည်မဟုတ်ဟု စကားစစ်ထိုးပွဲကျင်းပရေးကော်မရှင် ကြေညာ
………………………………………………

၀ါရှင်တန်၊ အောက်တိုဘာ ၁၀

အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပမည့် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ် ထရမ့် နှင့် ဒီမိုကရက်သမ္မတ လောင်း ဂျိုး ဘိုင်ဒန်တို့ စကားစစ်ထိုးမှု ကျင်းပမည်မဟုတ်ဟု သမ္မတလောင်းစကားစစ်ထိုးပွဲကော်မရှင်က သောကြာနေ့တွင်ထုတ်ပြန်သည်။

ထိုနေ့အတွက် သမ္မတလောင်း ၂ ယောက်စလုံးက သီးခြားအစီအစဉ်များကြေညာထားကြောင်းလည်း ပြောသည်။

COVID-19 ရောဂါကူးစက်မှုကြောင့် အွန်လိုင်းမှတဆင့်ပြုလုပ်ရန်စီစဉ်ထားပြီးနောက် ထရမ့်က စကားစစ်ထိုးမှုမှနုတ်ထွက်ခဲ့သည်။

အောက်တိုဘာအစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ထရမ့်ကကြေညာခဲ့ပြီး ထိုရက်မတိုင်မီက ပထမအကြိမ်စကားစစ်ထိုးမှုပြုလုပ်ခဲ့သည်။

ထို့နောက် ဘိုင်ဒန်ကိုစစ်ဆေးခဲ့ရာ ကူးစက်ခြင်းမရှိကြောင်း အကြိမ်ကြိမ်အဖြေထွက်ခဲ့သည်။

ကူးစက်ခံရပြီး ၂ ပတ်မပြည့်ခင် လာမည့်တနင်္လာနေ့မှစတင်၍ လူကိုယ်တိုင်မဲဆွယ်မှုများပြန်စတော့မည်ဟု ထရမ့်က ကြေညာခဲ့သည်။

Ref : US presidential debate on Oct 15 will not proceed, says debate commission

#PeopleMedia


Share this post