• Follow Us on
Latest News

Home အားကစားလႈပ္ရွားမႈမ်ားစတင္ေဆာင္ရြက္ခြင့္ျပဳသည့္အခ်ိန္တြင္ ျမန္မာႏိုင္ငံေရကူးအဖြဲ႕ခ်ဳပ္ဥကၠ႒ႏွင့္ ဒုဥကၠ႒ တို႔ ျပန္လည္ေရြးေကာက္မည္ဟု ဒု၀န္ႀကီး ေဒါက္တာျမေလးစိန္ေျပာၾကား

အားကစားလႈပ္ရွားမႈမ်ားစတင္ေဆာင္ရြက္ခြင့္ျပဳသည့္အခ်ိန္တြင္ ျမန္မာႏိုင္ငံေရကူးအဖြဲ႕ခ်ဳပ္ဥကၠ႒ႏွင့္ ဒုဥကၠ႒ တို႔ ျပန္လည္ေရြးေကာက္မည္ဟု ဒု၀န္ႀကီး ေဒါက္တာျမေလးစိန္ေျပာၾကား

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၁၄

အားကစားလႈပ္ရွားမႈမ်ား စတင္ေဆာင္ရြက္ခြင့္ျပဳသည့္အခ်ိန္တြင္ ျမန္မာႏိုင္ငံေရကူးအဖြဲ႕ခ်ဳပ္ဥကၠ႒ႏွင့္ ဒုဥကၠ႒ တို႔ျပန္လည္ေရြးေကာက္ပြဲမ်ားက်င္းပမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ဒု၀န္ႀကီး ေဒါက္ တာျမေလးစိန္ေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၁၄ ရက္က်င္းပသည့္ ဒုတိယအႀကိမ္အမ်ိဳးသားလႊတ္ေတာ္ ၁၇ ႀကိမ္ေျမာက္ပုံမွန္ အစည္းအေ၀းတြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ဒု၀န္ႀကီး ေဒါက္တာျမေလးစိန္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

“ေရကူးအဖြဲ႔ခ်ဳပ္အေနျဖင့္ ဥကၠ႒ ၀င္းတားစပို႔စ္ကုမၸဏီလိမိတက္မွ ပါ၀င္ေသာအဖြဲ႕၀င္ ၁၉ ဦးပါ၀င္ေသာ ျမန္ မာႏိုင္ငံေရကူးအဖြဲ႕ခ်ဳပ္ကို ျမန္မာႏိုင္ငံအိုလံပစ္ေကာ္မတီ၏ ၁၈.၃.၂၀၁၉ ပါရက္စြဲ ႐ုံးအမိန္႔စာ ၂၅၉/၂၀၁၉ ျဖင့္ အတည္ျပဳဖြဲ႕စည္းေပးခဲ့ၿပီးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံေရကူးအဖြဲ႔ခ်ဳပ္ ဥကၠ႒နဲ႔ ဒုဥကၠ႒တို႔မွာ ႏုတ္ထြက္စာတင္ျပ ျခင္းနဲ႔ပတ္သက္၍ ျမန္မာႏိုင္ငံအိုလံပစ္ေကာ္မတီအေနျဖင့္ ယခုေလာေလာဆယ္တြင္ ျမန္မာႏိုင္ငံေရကူးအဖြဲ႕ ခ်ဳပ္ဥကၠ႒ ေခတၱဥကၠ႒အျဖစ္ ၫႊန္ၾကားေရးမွဴးခ်ဳပ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနအား တာ၀န္ေပးအပ္ ထားပါတယ္။ အတည္ျပဳဖြဲ႕စည္းရန္ႏွင့္ ျပန္လည္ေရြးေကာက္တင္ေျမာက္ဖြဲ႕စည္းႏိုင္ရန္ က်န္ရွိေသာ ျမန္မာ အားကစားအဖြဲ႕ခ်ဳပ္မ်ားႏွင့္ ေဆာင္ရြက္ႏိုင္ရန္အတြက္ ေရြးေကာက္ပြဲေကာ္မရွင္ဖြဲ႕စည္း၍ ျပင္ဆင္ေဆာင္ရြက္ ထားသည့္ကာလအတြင္း ကပ္ေရာဂါ covid19 ျဖစ္ေပၚလာေသာေၾကာင့္ ေခတၱဆိုင္းငံ့ထားရၿပီး အားကစားလႈပ္ ရွားမႈမ်ား စတင္ေဆာင္ရြက္ခြင့္ျပဳသည့္အခ်ိန္တြင္ ဆက္လက္ေဆာင္ရြက္မွာျဖစ္ပါတယ္’’ဟု ၎ကေျပာသည္။

၂၀၁၉ ခုႏွစ္ ဇြန္လအတြင္း ဆီးဂိမ္းၿပဳိင္ပြဲယွဥ္ၿပဳိင္ရန္ ပဏာမေရကူးကစားသမားမ်ားေရြးခ်ယ္မႈအပါအ၀င္ စီမံ ခန္႔ခြဲမႈျပႆနာမ်ားျဖစ္ၿပီးေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံေရကူးအဖြဲ႕ခ်ဳပ္မွ ဥကၠ႒ႏွင့္ ဒုဥကၠ႒တို႔ႏုတ္ထြက္ခဲ့သည္။

လက္ရွိတြင္ ပညာေရး၀န္ႀကီးဌာနပိုင္ေရကူးကန္အေနျဖင့္ သထုံလမ္းတြင္ ၁ ကန္၊ အင္းယားလမ္းတြင္ ၁ ကန္၊ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနပိုင္ေရကူးကန္မ်ားအေနျဖင့္ ရန္ကုန္ျမဳိ႔အမ်ိဳးသားေရကူးကန္ ၁ ကန္၊ ဒဂုံ ေျမာက္ အမ်ိဳးသားေရကူးကန္ ၁ ကန္၊ မႏၲေလးၿမဳိ႕မႏၲလာသီရိကစားကြင္းတြင္ ၂ ကန္၊ ကယားျပည္နယ္လြဳိင္ ေကာ္ၿမိဳ႕တြင္ ၁ ကန္၊ ခ်င္းျပည္နယ္ ဟားခါးႏွင့္ ပလက္၀တို႔တြင္ ၁ ကန္တို႔ျဖစ္ေၾကာင္းသိရသည္။

#PeopleMedia

(unicode)
အားကစားလှုပ်ရှားမှုများစတင်ဆောင်ရွက်ခွင့်ပြုသည့်အချိန်တွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ ပြန်လည်ရွေးကောက်မည်ဟု ဒုဝန်ကြီး ဒေါက်တာမြလေးစိန်ပြောကြား
………………………………………………………

နေပြည်တော်၊ ဇူလိုင် ၁၄

အားကစားလှုပ်ရှားမှုများ စတင်ဆောင်ရွက်ခွင့်ပြုသည့်အချိန်တွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ပြန်လည်ရွေးကောက်ပွဲများကျင်းပမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက် တာမြလေးစိန်ပြောကြားလိုက်သည်။

နေပြည်တော်တွင် ဇူလိုင် ၁၄ ရက်ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမြလေးစိန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရေကူးအဖွဲ့ချုပ်အနေဖြင့် ဥက္ကဋ္ဌ ဝင်းတားစပို့စ်ကုမ္ပဏီလိမိတက်မှ ပါဝင်သောအဖွဲ့ဝင် ၁၉ ဦးပါဝင်သော မြန် မာနိုင်ငံရေကူးအဖွဲ့ချုပ်ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ၁၈.၃.၂၀၁၉ ပါရက်စွဲ ရုံးအမိန့်စာ ၂၅၉/၂၀၁၉ ဖြင့် အတည်ပြုဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့မှာ နုတ်ထွက်စာတင်ပြ ခြင်းနဲ့ပတ်သက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် ယခုလောလောဆယ်တွင် မြန်မာနိုင်ငံရေကူးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ခေတ္တဥက္ကဋ္ဌအဖြစ် ညွှန်ကြားရေးမှူးချုပ် အားကစားနှင့် ကာယပညာဦးစီးဌာနအား တာဝန်ပေးအပ် ထားပါတယ်။ အတည်ပြုဖွဲ့စည်းရန်နှင့် ပြန်လည်ရွေးကောက်တင်မြောက်ဖွဲ့စည်းနိုင်ရန် ကျန်ရှိသော မြန်မာ အားကစားအဖွဲ့ချုပ်များနှင့် ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်း၍ ပြင်ဆင်ဆောင်ရွက် ထားသည့်ကာလအတွင်း ကပ်ရောဂါ covid19 ဖြစ်ပေါ်လာသောကြောင့် ခေတ္တဆိုင်းငံ့ထားရပြီး အားကစားလှုပ် ရှားမှုများ စတင်ဆောင်ရွက်ခွင့်ပြုသည့်အချိန်တွင် ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၉ ခုနှစ် ဇွန်လအတွင်း ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမရေကူးကစားသမားများရွေးချယ်မှုအပါအဝင် စီမံ ခန့်ခွဲမှုပြဿနာများဖြစ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့နုတ်ထွက်ခဲ့သည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနပိုင်ရေကူးကန်အနေဖြင့် သထုံလမ်းတွင် ၁ ကန်၊ အင်းယားလမ်းတွင် ၁ ကန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင်ရေကူးကန်များအနေဖြင့် ရန်ကုန်မြို့အမျိုးသားရေကူးကန် ၁ ကန်၊ ဒဂုံ မြောက် အမျိုးသားရေကူးကန် ၁ ကန်၊ မန္တလေးမြို့မန္တလာသီရိကစားကွင်းတွင် ၂ ကန်၊ ကယားပြည်နယ်လွိုင် ကော်မြို့တွင် ၁ ကန်၊ ချင်းပြည်နယ် ဟားခါးနှင့် ပလက်ဝတို့တွင် ၁ ကန်တို့ဖြစ်ကြောင်းသိရသည်။

#PeopleMedia


Share this post