• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ပိုဆိုးလာႏိုင္ေၾကာင္း W.H.O သတိေပး

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ပိုဆိုးလာႏိုင္ေၾကာင္း W.H.O သတိေပး

Share this post

ဂ်ီနီဗာ၊ ဇူလိုင္ ၁၄

၆ လခြဲအတြင္း လူ ၅ သိန္းေက်ာ္ေသဆံုးခဲ့သည့္ COVID-19 ေရာဂါေနာက္ပိုင္း ႀကိဳတင္ကာကြယ္ရမည့္အစီ အမံမ်ားကို မလိုက္နာပါက ျမင္ႏိုင္သည့္အနာဂတ္တြင္ ပံုမွန္အေျခအေနေဟာင္းဆီ ျပန္ေရာက္ႏိုင္ဖြယ္ မ႐ွိ ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (W.H.O) ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတက္ဒ႐ို႕စ္အက္ဟာႏြန္ ဂီဘရီ ရီးဆပ္စ္က တနလၤာေန႔တြင္ေျပာသည္။

တနလၤာေန႔တြင္ ကမာၻတ၀န္းကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၃ သန္းေက်ာ္သြားၿပီး ၅ ရက္အတြင္း ၁ သန္း ေက်ာ္ကူးစက္ခံရျခင္းျဖစ္သည္။

“အေျခခံေတြကို မလိုက္နာရင္ ဒီကမာၻ႔ကပ္ေရာဂါပိုဆိုးသြားမယ့္နည္းလမ္းက ပိုပိုဆိုးသြားတာပဲ႐ွိပါတယ္။ ဒါေပမဲ့ အဲဒီလိုျဖစ္သြားလို႔မရပါဘူး” ဟု ေဒါက္တာတက္ဒ႐ို႕စ္ကေျပာသည္။

အေမရိကႏိုင္ငံမ်ားတြင္ ကမာၻ႔ကူးစက္မႈ၏တစ္၀က္ေက်ာ္႐ွိေနၿပီး ကမာၻအႏွံ႔ေသဆံုးသူ၏တစ္၀က္ခန္႔႐ွိေနသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကူးစက္ခံရသူ ၃ သန္းေက်ာ္႐ွိေနသည့္ ကမာၻ႔ေနရာမ်ားတြင္ COVID-19 ကူး စက္မႈ ပထမလႈိင္းကိုသာေတြ႕ၾကံဳေနရၿပီး တျခားႏိုင္ငံမ်ားတြင္ ကူးစက္မႈမ်ဥ္းေကြးေလ်ာ့က်သြားသည့္အျပင္ အလံုပိတ္ကန္႔သတ္မႈမ်ားေျဖေလွ်ာ့ေနသည္။

ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းၿမိဳ႕ႏွင့္ အဂၤလန္မွလက္စတာၿမိဳ႕တို႔တြင္ ဒုတိယအႀကိမ္အလံုပိတ္ကန္႔သတ္မႈမ်ား လုပ္ေနၿပီး ေဟာင္ေကာင္တြင္ ကူးစက္ခံရသူ ၁၅၂၂ ေယာက္သာ႐ွိေသာ္လည္း တတိယလႈိင္းႀကံဳရမည္စိုးရိမ္ သျဖင့္ လူခ်င္းခပ္ခြာခြာေနသည့္အစီအမံမ်ားျပန္တင္းၾကပ္ရန္႐ွိေနသည္။

Ref : WHO sounds alarm as coronavirus cases rise by 1 million in five days

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပိုဆိုးလာနိုင်ကြောင်း W.H.O သတိပေး
…………………………………………………………

ဂျီနီဗာ၊ ဇူလိုင် ၁၄

၆ လခွဲအတွင်း လူ ၅ သိန်းကျော်သေဆုံးခဲ့သည့် COVID-19 ရောဂါနောက်ပိုင်း ကြိုတင်ကာကွယ်ရမည့်အစီ အမံများကို မလိုက်နာပါက မြင်နိုင်သည့်အနာဂတ်တွင် ပုံမှန်အခြေအနေဟောင်းဆီ ပြန်ရောက်နိုင်ဖွယ် မရှိ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတက်ဒရို့စ်အက်ဟာနွန် ဂီဘရီ ရီးဆပ်စ်က တနင်္လာနေ့တွင်ပြောသည်။

တနင်္လာနေ့တွင် ကမ္ဘာတဝန်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃ သန်းကျော်သွားပြီး ၅ ရက်အတွင်း ၁ သန်း ကျော်ကူးစက်ခံရခြင်းဖြစ်သည်။

“အခြေခံတွေကို မလိုက်နာရင် ဒီကမ္ဘာ့ကပ်ရောဂါပိုဆိုးသွားမယ့်နည်းလမ်းက ပိုပိုဆိုးသွားတာပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်သွားလို့မရပါဘူး” ဟု ဒေါက်တာတက်ဒရို့စ်ကပြောသည်။

အမေရိကနိုင်ငံများတွင် ကမ္ဘာ့ကူးစက်မှု၏တစ်ဝက်ကျော်ရှိနေပြီး ကမ္ဘာအနှံ့သေဆုံးသူ၏တစ်ဝက်ခန့်ရှိနေသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ခံရသူ ၃ သန်းကျော်ရှိနေသည့် ကမ္ဘာ့နေရာများတွင် COVID-19 ကူး စက်မှု ပထမလှိုင်းကိုသာတွေ့ကြုံနေရပြီး တခြားနိုင်ငံများတွင် ကူးစက်မှုမျဉ်းကွေးလျော့ကျသွားသည့်အပြင် အလုံပိတ်ကန့်သတ်မှုများဖြေလျှော့နေသည်။

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့နှင့် အင်္ဂလန်မှလက်စတာမြို့တို့တွင် ဒုတိယအကြိမ်အလုံပိတ်ကန့်သတ်မှုများ လုပ်နေပြီး ဟောင်ကောင်တွင် ကူးစက်ခံရသူ ၁၅၂၂ ယောက်သာရှိသော်လည်း တတိယလှိုင်းကြုံရမည်စိုးရိမ် သဖြင့် လူချင်းခပ်ခွာခွာနေသည့်အစီအမံများပြန်တင်းကြပ်ရန်ရှိနေသည်။

Ref : WHO sounds alarm as coronavirus cases rise by 1 million in five days

#PeopleMedia


Share this post