• Follow Us on

Home အိႏၵိယတြင္ ၾကက္သြန္နီတင္ ကုန္တင္ကား ျပန္ေပးဆြဲခံရ

အိႏၵိယတြင္ ၾကက္သြန္နီတင္ ကုန္တင္ကား ျပန္ေပးဆြဲခံရ

Share this post

အိႏၵိယႏုိင္ငံအေရွ႕ပိုင္း ဘီဟာျပည္နယ္မွာ ၾကက္သြန္နီအျပည့္တင္ေဆာင္လာတဲ့ ကုန္တင္ကားတစ္စီး ျပန္ေပး ဆြဲခံရမႈျဖစ္ပြားခဲ့ပါတယ္။

ၾကက္သြန္နီ ၅ တန္ တင္ေဆာင္လာတဲ့ ကုန္တင္ကားဟာ ဒီဇင္ဘာ ၂၆ ရက္ညေနပိုင္းအခ်ိန္က ျပည္နယ္ၿမိဳ႕ ေတာ္ ပတ္နာရဲ႕ အေနာက္ဘက္ ၁၇၃ ကီလိုမီတာအကြာမွာ ျပန္ေပးဆြဲခံရတာလို႔ ဒီဇင္ဘာ ၂၈ ရက္ေန႔မွာ အိႏၵိယရဲတပ္ဖြဲ႕ ထုတ္ျပန္ခဲ့ပါတယ္။

ျပန္ေပးဆြဲတဲ့ လူတစ္စုဟာ ကားသမားကို ဓားစာခံအျဖစ္ဖမ္းဆီးခဲ့ၿပီး ကုန္တင္ကားကို တစ္ေနရာက ေမာင္း သြားကာ ၾကက္သြန္နီအိတ္ေတြကို ခ်ခဲ့ပါတယ္။

ၿပီးေနာက္မွာေတာ့ ကုန္ကားအလြတ္ကို ကားသမားကို ျပန္ေပးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာပါတယ္။

တရားခံေတြကိုေတာ့ သက္ဆိုင္ရာက ဖမ္းဆီးမိျခင္းမရွိေသးပါဘူး။

အိႏၵိယႏုိင္ငံမွာ ၾကက္သြန္နီ ၁ ကီလိုဂရမ္ကို အေမရိကန္ေဒၚလာ ၁.၆၉ အထိ ေစ်းေပါက္လ်က္ရွိေနပါတယ္။

Ref; Xinhua

#PeopleMedia #International

(Unicode)
အိန္ဒိယတွင် ကြက်သွန်နီတင် ကုန်တင်ကား ပြန်ပေးဆွဲခံရ
……………………………………………

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ကြက်သွန်နီအပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး ပြန်ပေး ဆွဲခံရမှုဖြစ်ပွားခဲ့ပါတယ်။

ကြက်သွန်နီ ၅ တန် တင်ဆောင်လာတဲ့ ကုန်တင်ကားဟာ ဒီဇင်ဘာ ၂၆ ရက်ညနေပိုင်းအချိန်က ပြည်နယ်မြို့ တော် ပတ်နာရဲ့ အနောက်ဘက် ၁၇၃ ကီလိုမီတာအကွာမှာ ပြန်ပေးဆွဲခံရတာလို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အိန္ဒိယရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ပြန်ပေးဆွဲတဲ့ လူတစ်စုဟာ ကားသမားကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး ကုန်တင်ကားကို တစ်နေရာက မောင်း သွားကာ ကြက်သွန်နီအိတ်တွေကို ချခဲ့ပါတယ်။

ပြီးနောက်မှာတော့ ကုန်ကားအလွတ်ကို ကားသမားကို ပြန်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

တရားခံတွေကိုတော့ သက်ဆိုင်ရာက ဖမ်းဆီးမိခြင်းမရှိသေးပါဘူး။

အိန္ဒိယနိုင်ငံမှာ ကြက်သွန်နီ ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁.၆၉ အထိ ဈေးပေါက်လျက်ရှိနေပါတယ်။

Ref; Xinhua

#PeopleMedia #International


Share this post