• Follow Us on

Home အိန္ဒိယနိုင်ငံက ပရက်သ်ဗီ တာတိုပစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

အိန္ဒိယနိုင်ငံက ပရက်သ်ဗီ တာတိုပစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

Share this post

စက်တင်ဘာ ၂၄

အိန္ဒိယနိုင်ငံက အိုဒစ်ရှာပြည်နယ်ကမ်းလွန်ရှိ ဘာလာဆိုး စမ်းသပ်ကွင်းမှ ကာကွယ်ရေးဆိုင်ရာ သုတေ သနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (DRDO) က ထုတ်လုပ်သော ပရက်သ်ဗီ တာတိုပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
မဟာဗျူဟာမြောက် တပ်ဖွဲ့များကွပ်ကဲမှုဌာန၏ ဆုံးဖြတ်ချက်အရ သတ်မှတ်ထားသော မစ်ရှင်ရည်မှန်း ချက်ကို ဒုံးကျည်က အောင်မြင်စွာ ထိမှန်ခဲ့သည်။
ပရက်သ်ဗီဆိုသည်မှာ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (DRDO) က ထုတ်လုပ်သည့် အရည်လောင် စာသုံး တာတိုဒုံးကျည်အမျိုးအစားတစ်မျိုးဖြစ်သည်။
အဆိုပါဒုံးကျည်များကို ဘက်စုံပါဝင်သော ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေးအစီအစဉ်အရ ၁၉၉၀ ခုနှစ်များ နှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့ သည်။
ပရက်သ်ဗီဒုံးကျည်က ကီလိုမီတာ ၃၅၀ အထိ ရောက်ရှိနိုင်ပြီး ကီလိုဂရမ် ၅၀၀ မှ ကီလိုဂရမ် ၁၀၀၀ အထိ အလေးချိန်ရှိသော သမားရိုးကျ သို့မဟုတ် နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည်။
–ကိုးကား–
အိန္ဒိယတူ ဒေး


(unicode)

–ကိုးကား–
အိန်ဒိယတူ ဒေး
Ref; India carries out successful test firing of Prithvi short range ballistic missile


Share this post