• Follow Us on
Latest News

Home အိန္ဒိယနိုင်ငံသို့ အသည်း၊ ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ ပညာတော်သင်များ စေလွှတ်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ အထူးကုဆရာဝန်များကို နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်နိုင်ရန် စီ စဉ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောဆို

အိန္ဒိယနိုင်ငံသို့ အသည်း၊ ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ ပညာတော်သင်များ စေလွှတ်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ အထူးကုဆရာဝန်များကို နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်နိုင်ရန် စီ စဉ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောဆို

Share this post

မန္တလေး၊ ဒီဇင်ဘာ ၆ (People Media)

 

အိန္ဒိယနိုင်ငံသို့ အသည်း၊ ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ ပညာတော်သင်များ စေလွှတ်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ အထူးကုဆရာဝန်များကို နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်နိုင်ရန် စီ စဉ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောဆိုလိုက်သည်။

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံ အုပ်ကြီး/ကုသရေး)တို့နှင့်အတူ အထူးကုဆေးရုံကြီး (ကုတင်-၅၀၀)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် တာဝန်ရှိသူများကို ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“အချို့ဆေးရုံများတွင် လက်ခံကုသမှုပေးနိုင်သော အခြေအနေရှိသော်လည်း လက်ခံကုသမှု အားနည်း လျက်ရှိနေသေးကြောင်း၊ သို့သော် အချို့တိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများတွင် ဆရာဝန်တစ် ယောက်တည်းရှိသော်လည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် ခွဲစိတ်ကုသမှုပေးခြင်း၊ ကလေးမွေးဖွားပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။ ခွဲစိတ်မှုများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ပါက Package အလိုက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသို့ အသည်း၊ ကျောက်ကပ် အစားထိုးကုသမှုဆိုင်ရာ ပညာတော်သင်များ စေလွှတ်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ် အသီးသီးမှ အထူးကုဆရာဝန်များကို နိုင်ငံတော်အစီအစဉ်ဖြင့် စေလွှတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပါကြောင်း” ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးက “အသည်းအစားထိုး ခွဲစိတ်ကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်အောင် ကြိုးစားစေလိုပါကြောင်း၊ ပြည်သူများ၏ အကျိုး ကိုရှေးရှု၍ စေတနာထက်သန်စွာဖြင့် ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း“ ပြောကြားခဲ့ သည်။

 

#PeopleMedia #ကျန်းမာရေးဝန်ကြီးဌာန #အိန္ဒိယမြန်မာ

 

(unicode)


………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၆ (People Media)

 


 


 


 


 



Share this post