• Follow Us on
Latest News

Home အမေရိကန်ထုတ် F-16 တိုက်လေယာဉ်ဖြင့် ရုရှားထုတ် S-400 ၏ ထောက်လှမ်းနိုင်မှုကို တူရကီစမ်းသပ်


Share this post






Ref; businessinsider


(Unicode)
အမေရိကန်ထုတ် F-16 တိုက်လေယာဉ်ဖြင့် ရုရှားထုတ် S-400 ၏ ထောက်လှမ်းနိုင်မှုကို တူရကီစမ်းသပ်
…………………………………………………………

တူရကီစစ်တပ်ဟာ ရုရှားလေကြောင်းကာကွယ်ရေးစနစ်နဲ့ အမေရိကန်ထုတ် တိုက်လေယာဉ်တွေကို အသုံးပြု ပြီး တနင်္လာနေ့က စစ်ဘက်ဆိုင်ရာ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အခုလို လုပ်ဆောင်ချက်ကို စိုးရိမ်ပူပန်မိကြောင်း အမေရိကန်အစိုးရ အရာရှိတွေက ပြောကြားခဲ့ပါတယ်။

တူရကီရဲ့ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေဟာ မြို့တော် အန်ကာရာ ဝေဟင်မှာ ပျံသန်းခဲ့ပြီး ရုရှားက အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံနဲ့ ဝယ်ယူထားတဲ့ S-400 တွေရဲ့ ထောက်လှမ်းနိုင်မှုကို စမ်းသပ်ခဲ့ တာဖြစ်ပါတယ်။

တူရကီက ရုရှားရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ဝယ်ယူတဲ့အတွက် ဆန်ရှင်ပိတ်ဆို့အရေးယူခံရနိုင်တယ် လို့ အမေရိကန်ဘက်က သတိပေးထားပေမယ့် သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ တူရကီအပေါ် အရေးယူခြင်း ရှိမရှိက မသေချာသေးပါဘူး။

အမေရိကန်အနေနဲ့ တူရကီက S-400 ဝယ်ယူမှုကို ကန့်ကွက်ထားပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က သမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ရာမှာ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ပေးထားပါတယ်။

Ref; businessinsider

#PeopleMedia #International


Share this post