• Follow Us on
Latest News

Home အေမရိကန္နဲ႔ အဓိ္ကစစ္ေရးသေဘာတူစာခ်ဳပ္ကို ဖိလစ္ပိုင္ဖ်က္သိမ္း

အေမရိကန္နဲ႔ အဓိ္ကစစ္ေရးသေဘာတူစာခ်ဳပ္ကို ဖိလစ္ပိုင္ဖ်က္သိမ္း

Share this post

မနီလာ၊ ေဖေဖာ္ဝါရီ ၁၁

ဖိလစ္ပိုင္ေျမေပၚမွာ အေမရိကန္တပ္ဖြဲ႕ေတြကို ေျခခ်ခြင့္ျပဳထားတဲ့သေဘာတူညီခ်က္ကို အဆံုးသတ္ေတာ့မယ္ လို႔ ဖိလစ္ပိုင္ဘက္က သတိေပးၿပီးေနာက္ အစဥ္အလာမိတ္ဖက္ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး အနိမ့္ဆံုးေရာက္႐ွိ ေနပါတယ္။

ဧည့္တပ္ဖြဲ႕မ်ားသေဘာတူစာခ်ဳပ္ (VFA) ကို ဖ်က္သိမ္းလိုက္ၿပီလို႔ မနီလာၿမိဳ႕မွာ႐ွိတဲ့ အေမရိကန္သံ႐ုံးကို ဖိလစ္ ပိုင္က အဂၤါေန႔မွာ တရား၀င္အသိေပးစာပို႔လိုက္ပါတယ္။ စစ္ဘက္ဆက္ဆံေရးမွာ အေမရိကန္ဆီကေန လြတ္ ေျမာက္ဖို႔လုပ္ခဲ့တာလို႔ သမၼတ႐ိုဒရီဂို ဒူတာေတးရဲ႕ေျပာခြင့္ရသူ ဆယ္ေဗေဒါ ပါနီလိုကေျပာပါတယ္။

“ကိ္ုယ့္ေျခေထာက္ေပၚကိုရပ္ဖို႔ အခ်ိန္ေရာက္လာၿပီျဖစ္တယ္။ ကိုယ့္ကာကြယ္ေရးကို ကိုယ္အားေကာင္းေအာင္ လုပ္မယ္။ တျခားႏိုင္ငံေတြကို မမွီခိုေတာ့ဘူး” လို႔လည္း သမၼတဒူတာေတးကေျပာတာပါ။

တစ္ဖက္သတ္မဟုတ္ဘဲ ႏွစ္ဖက္အက်ိဳး႐ွိမယ္ဆိုရင္ ဘယ္ႏိုင္ငံနဲ႔မဆို VFA ထိုးဖို႔ လမ္းဖြင့္ထားတယ္လို႔လည္း ပါနီလိုကေျပာပါတယ္။ ၁၉၉၈ ခုႏွစ္မွာ လက္မွတ္ေရးထိုးခဲ့တဲ့ VFA ဟာ အေမရိကန္စစ္သေဘၤာေတြ၊ ေလ ယာဥ္ေတြနဲ႔ စစ္သားေတြ ဖိလစ္ပိုင္ဆီ၀င္တာကို စည္းကမ္းသတ္မွတ္ေပးပါတယ္။

ဒါ့အျပင္ ဖိလစ္ပိုင္ေျမမွာ အေမရိကန္တပ္သားတခ်ိဳ႕က်ဴးလြန္တဲ့အျပစ္ေတြကို ေဒသအာဏာပိုင္ေတြ စီရင္ခ်က္ ခ်တာကေနလည္း ကင္းလြတ္ခြင့္ျပဳထားပါတယ္။ ဒူတာေတးရဲ႕မူးယစ္ေဆးဝါစစ္ပြဲမွာ ဥပေဒပသတ္ျဖတ္မႈေတြ ကို ဦးေဆာင္ခဲ့တယ္လို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕ (HRW) က စြပ္စြဲထားတဲ့ ဖိလစ္ပိုင္ရဲခ်ဳပ္ေဟာင္း ေရာ္နယ္ဒီလာ႐ိုဆာကို အေမရိကန္က ျပည္၀င္ခြင့္ျငင္းခဲ့ၿပီးတဲ့ေနာက္ ဖိလစ္ပိုင္က အခုလိုဆံုးျဖတ္တာျဖစ္ပါ တယ္။

Source – RT

Photo – Reuters

#PeopleMedia #Philippines #USA #VAF

(Unicode)
အမေရိကန်နဲ့ အဓိ်ကစစ်ရေးသဘောတူစာချုပ်ကို ဖိလစ်ပိုင်ဖျက်သိမ်း
………………………………………………………

မနီလာ၊ ဖေဖော်ဝါရီ ၁၁

ဖိလစ်ပိုင်မြေပေါ်မှာ အမေရိကန်တပ်ဖွဲ့တွေကို ခြေချခွင့်ပြုထားတဲ့သဘောတူညီချက်ကို အဆုံးသတ်တော့မယ် လို့ ဖိလစ်ပိုင်ဘက်က သတိပေးပြီးနောက် အစဉ်အလာမိတ်ဖက်နှစ်နိုင်ငံကြားဆက်ဆံရေး အနိမ့်ဆုံးရောက်ရှိ နေပါတယ်။

ဧည့်တပ်ဖွဲ့များသဘောတူစာချုပ် (VFA) ကို ဖျက်သိမ်းလိုက်ပြီလို့ မနီလာမြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဖိလစ် ပိုင်က အင်္ဂါနေ့မှာ တရားဝင်အသိပေးစာပို့လိုက်ပါတယ်။ စစ်ဘက်ဆက်ဆံရေးမှာ အမေရိကန်ဆီကနေ လွတ် မြောက်ဖို့လုပ်ခဲ့တာလို့ သမ္မတရိုဒရီဂို ဒူတာတေးရဲ့ပြောခွင့်ရသူ ဆယ်ဗေဒေါ ပါနီလိုကပြောပါတယ်။

“ကိ်ုယ့်ခြေထောက်ပေါ်ကိုရပ်ဖို့ အချိန်ရောက်လာပြီဖြစ်တယ်။ ကိုယ့်ကာကွယ်ရေးကို ကိုယ်အားကောင်းအောင် လုပ်မယ်။ တခြားနိုင်ငံတွေကို မမှီခိုတော့ဘူး” လို့လည်း သမ္မတဒူတာတေးကပြောတာပါ။

တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဖက်အကျိုးရှိမယ်ဆိုရင် ဘယ်နိုင်ငံနဲ့မဆို VFA ထိုးဖို့ လမ်းဖွင့်ထားတယ်လို့လည်း ပါနီလိုကပြောပါတယ်။ ၁၉၉၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ VFA ဟာ အမေရိကန်စစ်သင်္ဘောတွေ၊ လေ ယာဉ်တွေနဲ့ စစ်သားတွေ ဖိလစ်ပိုင်ဆီဝင်တာကို စည်းကမ်းသတ်မှတ်ပေးပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်မြေမှာ အမေရိကန်တပ်သားတချို့ကျူးလွန်တဲ့အပြစ်တွေကို ဒေသအာဏာပိုင်တွေ စီရင်ချက် ချတာကနေလည်း ကင်းလွတ်ခွင့်ပြုထားပါတယ်။ ဒူတာတေးရဲ့မူးယစ်ဆေးဝါစစ်ပွဲမှာ ဥပဒေပသတ်ဖြတ်မှုတွေ ကို ဦးဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က စွပ်စွဲထားတဲ့ ဖိလစ်ပိုင်ရဲချုပ်ဟောင်း ရော်နယ်ဒီလာရိုဆာကို အမေရိကန်က ပြည်ဝင်ခွင့်ငြင်းခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်က အခုလိုဆုံးဖြတ်တာဖြစ်ပါ တယ်။

Source – RT

Photo – Reuters

#PeopleMedia #Philippines #USA #VAF


Share this post