• Follow Us on
Home အီရန်တိုက်ခိုက်ခဲ့တဲ့အမေရိကန်တပ်စခန်းက စစ်သားတွေ ဦးနှောက်ထိ ခိုက်မှုမြင့်တက်နေ
Share this post
ဇန်နဝါရီတုန်းက အီရတ်ကအမေရိကန်စစ်အခြေစိုက်စခန်းကို အမေရိကန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စိတ်ဒဏ်ရာ ကြောင့် ဦးနှောက်ထိခိုက်တဲ့ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ ၁၀၉ ယောက်ရှိလာတယ်လို့ အမေရိကန်အရာရှိတွေ ကပြောပါတယ်။
Source – BBC
Photo – US Army Photo
#TBI #USA #Iran #Pentagon
(Unicode)
အီရန်တိုက်ခိုက်ခဲ့တဲ့အမေရိကန်တပ်စခန်းက စစ်သားတွေ ဦးနှောက်ထိ ခိုက်မှုမြင့်တက်နေ
……………………………………………………
ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၁၁
ဇန်နဝါရီတုန်းက အီရတ်ကအမေရိကန်စစ်အခြေစိုက်စခန်းကို အမေရိကန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စိတ်ဒဏ်ရာ ကြောင့် ဦးနှောက်ထိခိ်ုက်တဲ့ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ ၁၀၉ ယောက်ရှိလာတယ်လို့ အမေရိကန်အရာရှိတွေ ကပြောပါတယ်။
ဒီပမာဏဟာ ဒဏ်ရာရခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ကအစီရင်ခံခဲ့တဲ့ ၆၄ ယောက်ထပ်ပိုများလာတာပါ။ အဲဒီ တိုက်ခိုက်မှုမှာ အမေရိကန်တစ်ယောက်မှ ဒဏ်ရာမရဘူးလို့ သမ္မတဒေါ်နယ် ထရမ့်ကပြောထားတာပါ။ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီးဆိုလမ်မာနီကို အမေရိကန်ကလုပ်ကြံခဲ့ပြီးတဲ့နောက် ဇန်နဝါရီ ၈ ရက်မှာ အီရန်က တုံ့ပြန်ခဲ့တာပါ။
ဒဏ်ရာရထားတဲ့လူ ၇၀ ရာခိုင်နှုန်း တာဝန်ပြန်ထမ်းဆောင်နေပြီလို့ ပင်တဂွန်ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ အစောပိုင်းကတော့ အီရန်ကို ပြန်မတိ်ုက်ဖို့ သူ့ဆုံးဖြတ်ချက်ထဲမှာ ဒဏ်ရာရသူမရှိဘူးလို့ထင်ရတာကို ထရမ့်က ကိုးကားခဲ့တာပါ။
Source – BBC
Photo – US Army Photo
#TBI #USA #Iran #Pentagon
Share this post