• Follow Us on

Home AA ရှင်းလင်းရေး စစ်ဆင်ရေး၌ တပ်မတော်အရာရှိအချို့ Sniper ဖြင့် ပစ်ခတ်ခံရ

AA ရှင်းလင်းရေး စစ်ဆင်ရေး၌ တပ်မတော်အရာရှိအချို့ Sniper ဖြင့် ပစ်ခတ်ခံရ

Share this post

စစ်တွေ၊ ဖေဖော်ဝါရီ – ၁၃

 


 


 


 

#PeopleMedia

 

(Unicode)

စစ်တွေ၊ ဖေဖော်ဝါရီ – ၁၃

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ AA ရှင်းလင်းရေး စစ်ဆင်ရေး၌ တပ်မတော်အရာရှိအချို့သည် AA အဖွဲ့မှ Sniper ဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးမှုရှိကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ ဘူးသီးတောင်၊ ရသေ့တောင်ဒေသရှိ AA လှုပ်ရှားသည့် နယ်မြေများကို တပ်မတော်မှ နယ်မြေရှင်းလင်းရာ တပ်မတော်အရာရှိအချို့သည် AA အဖွဲ့၏ Sniper ကြောင့် ထိခိုက်မှုရှိကြောင်း ကျဆုံးသူတပ်မတော်သား၏ ဆွေမျိုးတော်စပ်သူများက PeopleMedia ကို အတည်ပြုပြောဆိုပါတယ်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ AA လှုပ်ရှားနယ်မြေများကို တပ်မ တော်မှ လေကြောင်းပစ်ကူအပါအဝင် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။

#PeopleMedia

(Unicode)


Share this post