• Follow Us on
Latest News

Home အေမရိကန္သမၼတကေတာ္၏ ေမြးရပ္ေျမမွ ပံုတူသစ္သား႐ုပ္ထု မီး႐ွိဳ႕ခံရ

အေမရိကန္သမၼတကေတာ္၏ ေမြးရပ္ေျမမွ ပံုတူသစ္သား႐ုပ္ထု မီး႐ွိဳ႕ခံရ

Share this post

ဘာလင္၊ ဇူလိုင္ ၉

ဆလိုေဗးနီးႏိုင္ငံ႐ွိေမြးရပ္ေျမမွ အေမရိကန္သမၼတကေတာ္မယ္လန္နီယာ ထရမ့္၏ ထူးျခားသည့္ ပံုတူသစ္သား ႐ုပ္ထုကို မီး႐ွိဳ႔ခံရၿပီးေနာက္ ႐ုပ္ထုကိုဖယ္႐ွားခဲ့သည္။

႐ုပ္ထုဖန္တီးခဲ့သည့္ ဂ်ာမနီၿမိဳ႕ေတာ္ဘာလင္အေျခစိုက္အေမရိကန္အႏုပညာ႐ွင္ ဘရက္ေဒါင္းေနးက အေမရိ ကန္လြတ္လပ္ေရးေန႔ျဖစ္သည့္ ဇူလိုင္ ၄ ရက္တြင္ ႐ုပ္ထုဖြင့္လွစ္ရန္စီစဥ္ထားသည္ဟုေျပာသည္။

မီးေလာင္သြားသည့္႐ုပ္ထုကို ေနာက္တစ္ေန႔တြင္ ေနရာေ႐ႊ႕ခဲ့ရသည္ဟုလည္းေျပာသည္။

ယခုျဖစ္ရပ္ႏွင့္ဆက္စပ္ၿပီး စံုစမ္းေဖာ္ထုတ္ေနသည္ဟု ရဲတပ္ဖြဲ႔က ႐ိုက္တာသတင္းေအဂ်င္စီကိုေျပာသည္။

အေမရိကန္သမၼတအိမ္ျဖဴေတာ္ဘက္မွ တစံုတရာမွတ္ခ်က္မျပဳေသးေခ်။

ထို႐ုပ္ထုကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္တြင္ စတင္ထား႐ွိျခင္းျဖစ္သည္။

ဆလိုေဗးနီးယားႏိုင္ငံအလယ္ပိုင္း႐ွိ ဆက္ဗ္နီကာၿမိဳ႕တြင္ ေမြးဖြားႀကီးျပင္းခဲ့သည့္ မယ္လန္နီယာထရမ့္သည္ ၁၉၉၀ ျပည့္ႏွစ္မ်ားတြင္ အေမရိကန္ျပည္ေထာင္စုသို႔ ေ႐ႊ႕ေျပာင္းအေျခခ်သူအျဖစ္ေရာက္႐ွိလာသည္။

ႏိုင္ငံတ၀န္းလူမ်ိဳးေရးခြဲျခားမႈဆန္႔က်င္ဆႏၵျပမႈမ်ားေၾကာင့္ ကၽြန္ျပဳမႈႏွင့္ဆက္စပ္ေနသည့္ အေမရိကန္ေခါင္း ေဆာင္မ်ား၏႐ုပ္ထုမ်ားကို ၿဖိဳခ်မႈမ်ား႐ွိေနခ်ိန္တြင္ ဆလိုေဗးနီးယားမွ႐ုပ္ထုၿဖိဳခ်ခံခဲ့ရျခင္းျဖစ္သည္။

၂၀၁၉ ခုႏွစ္တြင္စတင္ျပသသည့္ ဆလိုေဗးနီးယားၿမိဳ႕ေတာ္လူဘီဂ်ားနားအေ႐ွ႕ဘက္မွ အေမရိကန္သမၼတေဒၚ နယ္ ထရမ့္၏႐ုပ္ထုလည္း ယခုႏွစ္ဇန္နဝါရီက မီး႐ွိဳ႕ခံခဲ့ရသည္။

Ref : Melania Trump sculpture in Slovenia set on fire on US Independence Day

#PeopleMedia

(unicode)
အမေရိကန်သမ္မတကတော်၏ မွေးရပ်မြေမှ ပုံတူသစ်သားရုပ်ထု မီးရှို့ခံရ
………………………………………………………

ဘာလင်၊ ဇူလိုင် ၉

ဆလိုဗေးနီးနိုင်ငံရှိမွေးရပ်မြေမှ အမေရိကန်သမ္မတကတော်မယ်လန်နီယာ ထရမ့်၏ ထူးခြားသည့် ပုံတူသစ်သား ရုပ်ထုကို မီးရှို့ခံရပြီးနောက် ရုပ်ထုကိုဖယ်ရှားခဲ့သည်။

ရုပ်ထုဖန်တီးခဲ့သည့် ဂျာမနီမြို့တော်ဘာလင်အခြေစိုက်အမေရိကန်အနုပညာရှင် ဘရက်ဒေါင်းနေးက အမေရိ ကန်လွတ်လပ်ရေးနေ့ဖြစ်သည့် ဇူလိုင် ၄ ရက်တွင် ရုပ်ထုဖွင့်လှစ်ရန်စီစဉ်ထားသည်ဟုပြောသည်။

မီးလောင်သွားသည့်ရုပ်ထုကို နောက်တစ်နေ့တွင် နေရာရွှေ့ခဲ့ရသည်ဟုလည်းပြောသည်။

ယခုဖြစ်ရပ်နှင့်ဆက်စပ်ပြီး စုံစမ်းဖော်ထုတ်နေသည်ဟု ရဲတပ်ဖွဲ့က ရိုက်တာသတင်းအေဂျင်စီကိုပြောသည်။

အမေရိကန်သမ္မတအိမ်ဖြူတော်ဘက်မှ တစုံတရာမှတ်ချက်မပြုသေးချေ။

ထိုရုပ်ထုကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် စတင်ထားရှိခြင်းဖြစ်သည်။

ဆလိုဗေးနီးယားနိုင်ငံအလယ်ပိုင်းရှိ ဆက်ဗ်နီကာမြို့တွင် မွေးဖွားကြီးပြင်းခဲ့သည့် မယ်လန်နီယာထရမ့်သည် ၁၉၉၀ ပြည့်နှစ်များတွင် အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းအခြေချသူအဖြစ်ရောက်ရှိလာသည်။

နိုင်ငံတဝန်းလူမျိုးရေးခွဲခြားမှုဆန့်ကျင်ဆန္ဒပြမှုများကြောင့် ကျွန်ပြုမှုနှင့်ဆက်စပ်နေသည့် အမေရိကန်ခေါင်း ဆောင်များ၏ရုပ်ထုများကို ဖြိုချမှုများရှိနေချိန်တွင် ဆလိုဗေးနီးယားမှရုပ်ထုဖြိုချခံခဲ့ရခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်တွင်စတင်ပြသသည့် ဆလိုဗေးနီးယားမြို့တော်လူဘီဂျားနားအရှေ့ဘက်မှ အမေရိကန်သမ္မတဒေါ် နယ် ထရမ့်၏ရုပ်ထုလည်း ယခုနှစ်ဇန်နဝါရီက မီးရှို့ခံခဲ့ရသည်။

Ref : Melania Trump sculpture in Slovenia set on fire on US Independence Day

#PeopleMedia


Share this post