• Follow Us on

Home စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္နယ္ျခားရွိ ေဝဘူလေတာင္ေဒသ၌ သတၱဳတူးေဖၚေရးကုမၸဏီတစ္ခုမွ အစိုးရခြင့္ ျပဳခ်က္မရွိဘဲ အေဆာက္အဦးမ်ားေဆာက္လုပ္‌၊ စီမံကိန္းခြင့္ျပဳထားျခင္းရွိ-မရွိကို ေဒသခံမ်ားေတာင္းဆို

စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္နယ္ျခားရွိ ေဝဘူလေတာင္ေဒသ၌ သတၱဳတူးေဖၚေရးကုမၸဏီတစ္ခုမွ အစိုးရခြင့္ ျပဳခ်က္မရွိဘဲ အေဆာက္အဦးမ်ားေဆာက္လုပ္‌၊ စီမံကိန္းခြင့္ျပဳထားျခင္းရွိ-မရွိကို ေဒသခံမ်ားေတာင္းဆို

Share this post

ကေလး၊ ဇူလိုင္ – ၉

စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္ နယ္ျခားရွိ ေဝဘူလေတာင္ေဒသ၌ သတၱဳတူးေဖၚေရးကုမၸဏီတစ္ခုမွ အစိုးရခြင့္ ျပဳခ်က္မရွိဘဲ အေဆာက္အဦးမ်ားေဆာက္လုပ္‌လ်က္ရွိၿပီး စီမံကိန္းခြင့္ျပဳထားျခင္းရွိ-မရွိကို ေဒသခံမ်ားက သက္ ဆိုင္ရာ အစိုးရအဖြဲ႕ထံ ေတာင္းဆိုလ်က္ရွိသည္။

စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ခ်င္းျပည္နယ္ နယ္စပ္အနီး ေဝဘူလေတာင္ေဒသ၌ သတၱဳတူးေဖာ္ခြင့္ကို ခြင့္ျပဳထား ျခင္းမရွိေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သစ္ေတာဝန္ႀကီး ဦးမန္ဟင္းဒါက ေျပာ သည္။

အလားတူ အဆိုပါစီမံကိန္းႏွင့္ပတ္သက္၍ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ဆက္သြယ္ျမန္းရာတြင္ အစည္းအေဝးရွိေနျခင္းေၾကာင့္ မွတ္ခ်က္ေပးျခင္းမရွိပါဘူး။ ထိုကဲ့သို႔ သတၱဳတူးေဖာ္ေရးကုမၸဏီတစ္ခုမွ အေဆာက္အဦးေဆာက္လုပ္ေနမႈအေပၚ ေဒသခံမ်ားက စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕အုပ္ခ်ဳပ္ေရး အဖြဲ႕အသီးသီးထံ တိုင္ၾကားခဲ့သည္။

အဆိုပါတိုင္ၾကားမႈကို ၿပီးခဲ့သည့္ရက္က ကေလးခ႐ိုင္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီမ်ား၊ သတၱဳတြင္းဦးစီးဌာန၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၊ အရပ္ဘက္လူမူအဖြဲ႕အစည္းမ်ား၊ ေဒသခံရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ နယ္ေျမခံရပ္ေက်းျပည္သူမ်ား သြားေရာက္စစ္‌ေဆးခဲ့ၾကသည္။

“အေဆာက္အဦးေတြကို ခ်င္းျပည္နယ္အစိုးရအဖြဲ႕ရဲ႕ သေဘာထားမွတ္ခ်က္နဲ႔ဆိုၿပီး ေဆာက္တယ္၊ စစ္ကိုင္း တိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္မွ ေက်းရြာႀကီးအုပ္စု ၃ အုပ္စုက ကန္႔ကြက္တာ၊ ကန္႔ကြက္ေတာ့ ဒီကုမၸဏီ ေတြက သတၱဳတြင္းလုပ္ထုံးလုပ္နည္းဥပေဒနဲ႔ညီလား၊ လိုင္စင္ေတြ ဘယ္လိုလိုင္စင္ေတြရထားခြင့္ရွိလဲဆိုတာကို အဓိကကြင္းဆင္းေဆာင္ရြက္တာပါ၊ ကြင္းဆင္းစစ္ေဆးေတာ့ သူတို႔ဆီမွာ ဘာအေထာက္အထားမွမေတြ႕ရဘူး၊ အေထာက္အထားမရွိဘဲနဲ႔ အေဆာက္အဦးေတြလာေဆာက္တာ၊ ဒီအေဆာက္အဦးေတြကလည္း သတၱဳတြင္း စီမံကိန္းက အေဆာက္အဦးေတြပါတယ္လို႔” အထက္ခ်င္းတြင္းလူငယ္ကြန္ယက္ဒါ႐ိုက္တာ ကိုေက်ာ္သက္ဝင္း ကေျပာသည္။

အဆိုပါစီမံကိန္းအား အေကာင္အထည္ေဖာ္ေဆာင္ပါက ေဝဘူလေတာင္အနီးရွိ ကေလးၿမိဳ႕နယ္အပိုင္ျဖစ္ သည့္ ေထာက္ၾကန္႔ေက်းရြာအုပ္စုတြင္ ၆၇၀၀ ဧက၊ နတ္ေျမာင္းေက်းရြာ အုပ္စုတြင္ ၃၂၀၀ ဧက၊ နတ္ေခ်ာင္း ေက်းရြာအုပ္စုတြင္ ၃၅၂၀ ဧက စုစုေပါင္း လယ္ယာေျမ ၁၃၄၂၀ ဧကမ်ား ထိခိုက္နစ္နာပ်က္စီးဆုံးရႈံးႏိုင္ ေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။

ေဝဘူလေတာင္ေဒသ၌ သတၱဳတူးေဖၚေရးစီမံကိန္းႏွင့္ပတ္သက္၍ အစိုးရမွ တရားဝင္ခြင့္ျပဳထားျခင္းရွိမရွိကို ပြင့္လင္းျမင္သာစြာ ခ်ျပေပးရန္လိုအပ္ေၾကာင္း ေဒသအေျခစိုက္အရပ္ဘက္အဖြဲ႕အစည္းအခ်ိဳ႕က ေျပာဆိုၾက သည္။

သူရိယထက္

#PeopleMedia #ခ်င္းျပည္နယ္အစိုးရအဖြဲ႕ #စစ္ကိုင္းတိုင္းေဒသႀကီးအစိုးးရအဖြဲ႕ #ေဝဘူလေတာင္

(unicode)
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်နယ်ခြားရှိ ဝေဘူလတောင်ဒေသ၌ သတ္တုတူးဖေါ်ရေးကုမ္ပဏီတစ်ခုမှ အစိုးရခွင့် ပြုချက်မရှိဘဲ အဆောက်အဦးများဆောက်လုပ်၊ စီမံကိန်းခွင့်ပြုထားခြင်းရှိ-မရှိကို ဒေသခံများတောင်းဆို
……………………………………………………

ကလေး၊ ဇူလိုင် – ၉

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်ခြားရှိ ဝေဘူလတောင်ဒေသ၌ သတ္တုတူးဖေါ်ရေးကုမ္ပဏီတစ်ခုမှ အစိုးရခွင့် ပြုချက်မရှိဘဲ အဆောက်အဦးများဆောက်လုပ်လျက်ရှိပြီး စီမံကိန်းခွင့်ပြုထားခြင်းရှိ-မရှိကို ဒေသခံများက သက် ဆိုင်ရာ အစိုးရအဖွဲ့ထံ တောင်းဆိုလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ် နယ်စပ်အနီး ဝေဘူလတောင်ဒေသ၌ သတ္တုတူးဖော်ခွင့်ကို ခွင့်ပြုထား ခြင်းမရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါက ပြော သည်။

အလားတူ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်သွယ်မြန်းရာတွင် အစည်းအဝေးရှိနေခြင်းကြောင့် မှတ်ချက်ပေးခြင်းမရှိပါဘူး။ ထိုကဲ့သို့ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုမှ အဆောက်အဦးဆောက်လုပ်နေမှုအပေါ် ဒေသခံများက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အုပ်ချုပ်ရေး အဖွဲ့အသီးသီးထံ တိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားမှုကို ပြီးခဲ့သည့်ရက်က ကလေးခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ သတ္တုတွင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အရပ်ဘက်လူမူအဖွဲ့အစည်းများ၊ ဒေသခံရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် နယ်မြေခံရပ်ကျေးပြည်သူများ သွားရောက်စစ်ဆေးခဲ့ကြသည်။

“အဆောက်အဦးတွေကို ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်နဲ့ဆိုပြီး ဆောက်တယ်၊ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ်မှ ကျေးရွာကြီးအုပ်စု ၃ အုပ်စုက ကန့်ကွက်တာ၊ ကန့်ကွက်တော့ ဒီကုမ္ပဏီ တွေက သတ္တုတွင်းလုပ်ထုံးလုပ်နည်းဥပဒေနဲ့ညီလား၊ လိုင်စင်တွေ ဘယ်လိုလိုင်စင်တွေရထားခွင့်ရှိလဲဆိုတာကို အဓိကကွင်းဆင်းဆောင်ရွက်တာပါ၊ ကွင်းဆင်းစစ်ဆေးတော့ သူတို့ဆီမှာ ဘာအထောက်အထားမှမတွေ့ရဘူး၊ အထောက်အထားမရှိဘဲနဲ့ အဆောက်အဦးတွေလာဆောက်တာ၊ ဒီအဆောက်အဦးတွေကလည်း သတ္တုတွင်း စီမံကိန်းက အဆောက်အဦးတွေပါတယ်လို့” အထက်ချင်းတွင်းလူငယ်ကွန်ယက်ဒါရိုက်တာ ကိုကျော်သက်ဝင်း ကပြောသည်။

အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ပါက ဝေဘူလတောင်အနီးရှိ ကလေးမြို့နယ်အပိုင်ဖြစ် သည့် ထောက်ကြန့်ကျေးရွာအုပ်စုတွင် ၆၇၀၀ ဧက၊ နတ်မြောင်းကျေးရွာ အုပ်စုတွင် ၃၂၀၀ ဧက၊ နတ်ချောင်း ကျေးရွာအုပ်စုတွင် ၃၅၂၀ ဧက စုစုပေါင်း လယ်ယာမြေ ၁၃၄၂၀ ဧကများ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးနိုင် ကြောင်း ဒေသခံများက ပြောပါတယ်။

ဝေဘူလတောင်ဒေသ၌ သတ္တုတူးဖေါ်ရေးစီမံကိန်းနှင့်ပတ်သက်၍ အစိုးရမှ တရားဝင်ခွင့်ပြုထားခြင်းရှိမရှိကို ပွင့်လင်းမြင်သာစွာ ချပြပေးရန်လိုအပ်ကြောင်း ဒေသအခြေစိုက်အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောဆိုကြ သည်။

သူရိယထက်

#PeopleMedia #ချင်းပြည်နယ်အစိုးရအဖွဲ့ #စစ်ကိုင်းတိုင်းဒေသကြီးအစိုးးရအဖွဲ့ #ဝေဘူလတောင်


Share this post