• Follow Us on
Latest News

Home အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ချင်နေတဲ့ စီအိုင်အေညွှန်မှူး ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုကို အမြတ်ထုတ် အသုံးချသွားနိုင်ကြောင်း ဆီးမောဟက်ရှ်ပြော

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ချင်နေတဲ့ စီအိုင်အေညွှန်မှူး ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုကို အမြတ်ထုတ် အသုံးချသွားနိုင်ကြောင်း ဆီးမောဟက်ရှ်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

အမေရိကန်က စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးကို ရရှိဖို့အ တွက် Nord Stream ဂက်စ်ပိုက်လိုင်း ၁/ ၂ ပေါက်ကွဲမှုကနေ ၎င်းရဲ့ကဏ္ဍကို အမြတ်ထုတ်သွားနိုင်တယ်လု့ိ ဂျာ နယ်လစ် ဆီးမောဟက်ရှ်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

ဆီးမောဟက်ရှ်ဟာ ရုရှားဂက်စ်ပိုက်လိုင်းတွေပေါက်ကွဲမှုမှာ အမေရိကန်က လျှို့ဝှက်ကြံစည်ပြီး ဖောက်ခွဲခဲ့တာ ဖြစ်ကြေင်း ပြီးခဲ့တဲ့သီတင်းပတ်က ဆောင်းပါးရေးသားခဲ့တဲ့ အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်ပါတယ်။

 

“သူက နိုင်ငံခြားရေးဝန်ကြီးဖြစ်ချင်နေတာလို့ ကျွန်တော်သိထားပါတယ်။ လာမယ့်အစိုးရသစ်အဖွဲ့မှာဖြစ်ဖြစ်ပေါ့ ဗျာ။ ဒီပေါက်ကွဲမှုဖြစ်စဉ်က သူ့အတွက်အထောက်အကူဖြစ်သွားနိုင်သလို တံခါးပွင့်သွားစေနိုင်ပါတယ်။ အဲ… ကျွန်တော်မသိဘူးဗျ။ ဖြစ်နိုင်တာပါ။” လို့ ဟက်ရှ်က ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုကိုရည်ညွှန်းပြီး ပြောပါတယ်။

 

လျှို့ဝှက်သတင်းတွေကိုထောက်လှမ်းစုံစမ်းလေ့ရှိတဲ့ ဆီးမောဟက်ရှ်ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဆောင်း ပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။

 

အဲဒီဆောင်းပါးထဲမှာ “ရုရှား Nord Stream ၁/ ၂ ဂက်စ်ပိုက်လိုင်းတွေကို ဇွန်လအတွင်းက ဘဲလ်တော့စစ်ရေး လေ့ကျင့်မှု (Baltops exercise) အယောင်ဆောင်ပြီး နော်ဝေကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ အမေရိကန် ရေတပ်က ရေငုပ်တပ်ဖွဲ့ဝင်တွေက လျှို့ဝှက်စွာနဲ့ ဖောက်ခွဲခဲ့တာဖြစ်ကြောင်း” သတင်းရင်းမြစ်တစ်ခုကို ကိုး ကားပြီး ရေးသားထားပါတယ်။

 

စီအိုင်အေအဖွဲ့နဲ့ ညွှန်ကြားရေးမှူး ဝီလျံဘန်းစ်ဟာ အဲဒီစစ်ဆင်ရေး ကြိုတင်ပြင်ဆင်မှုမှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကတော့ အစိုးရအဖွဲ့က အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ကိုးလကြာ ဆွေးနွေးတိုင်ပင်ပြီးနောက်မှာ စစ်ဆင်ရေးကိုဆောင်ရွက်ဖို့ အမိန့်ပေးခဲ့တာဖြစ်ကြောင်း အဲဒီဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

 

အိမ်ဖြူတော်က အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရပုဂ္ဂိုလ်အန်းဒရီးဝက်ဆန်ကို TASS သတင်းဌာနက တစ်စုံ တစ်ရာတုံ့ပြန်ပြောကြားပေးဖို့ တောင်းဆိုတဲ့အခါ “ဟက်ရှ်ရဲ့ဆောင်းပါးဟာ လုံးဝမှားယွင်နေတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းသာဖြစ်ကြောင်း” ၎င်းက ပြန်လည် ပြောဆိုခဲ့ပါတယ်။

 

Ref: Hersh says CIA director wants to be US secretary of state after explosions at pipelines

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 


 


 


 


 

Ref: Hersh says CIA director wants to be US secretary of state after explosions at pipelines

 

#PeopleMedia


Share this post