• Follow Us on
Latest News

Home ေဒးဒရဲၿမိဳ့နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၃ ဦး လာမည့္ ေရြးေကာက္တြင္ ျပန္မပါေစခ်င္ေၾကာင္း ေက်းရြာ ဒီခ်ဳပ္ပါတီ အလုပ္မွုေဆာင္ေျပာ

ေဒးဒရဲၿမိဳ့နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၃ ဦး လာမည့္ ေရြးေကာက္တြင္ ျပန္မပါေစခ်င္ေၾကာင္း ေက်းရြာ ဒီခ်ဳပ္ပါတီ အလုပ္မွုေဆာင္ေျပာ

Share this post

ရန္ကုန္၊ဇူလိုင္ ၃၀

ဧရာ၀တီတိုင္းေဒသႀကီး၊ေဒးဒရဲၿမိဳ့နယ္ ၏ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၁ ဦးႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦး တို့ကို ၂၀၂၀ ေရြးေကာက္ပြဲတြင္ ျပန္မပါေစလိုေၾကာင္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ထန္းေတာေက်းရြာ အလုပ္မွုေဆာင္ ဥကၠ႒ ဦး၀င္းထိန္ ကေျပာသည္။

၎တို့ ၃ဦးအေနျဖင့္၂၀၂၀ ေရြးေကာက္ပြဲတြင္ျပန္ပါလာမည္ဆိုပါက နိုင္ငံေရးလုပ္စားသည့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သြားမည္ျဖစ္ၿပီး ျပည္သူ႔အက်ိဳးျပဳမည့္ ကိုယ္စားလွယ္ေတြ ျဖစ္မလာနိုင္ဟု ဦးဝင္းထိန္ကဆိုသည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ ၃ ေယာက္လုံးကို ၂၀၂၀ မွာျပန္မပါေစခ်င္တာကေတာ့ ဆႏၵအျပည့္အ၀ပဲေပါ့။ ျပန္ပါလာခဲ့မယ္ဆိုရင္ နိုင္ငံေရးလုပ္စားတဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ျဖစ္သြားမယ္လို့ပဲယူဆပါတယ္။ ျပည္သူကိုအက်ိဳးျပဳမယ့္ ကိုယ္စားလွယ္ေတြ မျဖစ္နိုင္ဘူး၊ လုပ္စားမယ့္ ကိုယ္စားလွယ္ေတြပဲျဖစ္သြားမယ္။”ဟု ဦးဝင္းထိန္ကေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနျဖင့္ လက္ရွိ သက္တမ္းကာလတြင္လုပ္လြဲေခ်ာ္သည့္ လုပ္ေဆာင္ခ်က္မ်ားျပဳလုပ္ခဲ့သည့္တြက္ လာမည့္ေရြးေကာက္ပြဲတြင္ ၎ တို့ေက်းရြာအုပ္စုရွိ ျပည္သူအမ်ားစုက မဲထည့္မည္မဟုတ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။

“ကၽြန္ေတာ္တို့ေက်းရြာအုပ္စုကေတာ့ သူတို့ၾကားကာလမွာ လာေသးတယ္ ၄ လပိုင္း၅ လပိုင္းေလာက္က လာတဲ့အခါမွာ လုပ္ေဆာင္မွုေတြလႊဲေခ်ာ္ေနတဲ့အတြက္ ၂၀၂၀ မွာေတာ့ခင္ဗ်ားတို့ မဲေတာ့မရဘူး ခဲဘဲ ရမယ္လို့ လူေတြကဝိုင္းေျပာလိုက္တာ။ေက်းရြာက အမ်ိဳးသမီး၊အမ်ိဳးသား အကုန္လုံးကဝိုင္းေျပာလိုက္တာ။”ဟု ဦး၀င္းထိန္ကေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ေဒးဒရဲၿမိဳ့နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခင္ညိဳ၊တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၁)ဦးသန္းလြင္၊တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၂)ဦးခင္၀င္တို့ ၃ဦးျဖစ္ၿပီး ယခုႏွစ္ေရြးေကာက္ပြဲတြင္ ျပန္လည္ပါဝင္လာခဲ့သည္။

#PeopleMedia

(Unicode)
ဒေးဒရဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ၃ ဦး လာမည့် ရွေးကောက်တွင် ပြန်မပါစေချင်ကြောင်း ကျေးရွာ ဒီချုပ်ပါတီ အလုပ်မှုဆောင်ပြော
……………………………………………………………..

ရန်ကုန်၊ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့နယ် ၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦး တို့ကို ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်မပါစေလိုကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထန်းတောကျေးရွာ အလုပ်မှုဆောင် ဥက္ကဋ္ဌ ဦးဝင်းထိန် ကပြောသည်။

၎င်းတို့ ၃ဦးအနေဖြင့်၂၀၂၀ ရွေးကောက်ပွဲတွင်ပြန်ပါလာမည်ဆိုပါက နိုင်ငံရေးလုပ်စားသည့်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သွားမည်ဖြစ်ပြီး ပြည်သူ့အကျိုးပြုမည့် ကိုယ်စားလှယ်တွေ ဖြစ်မလာနိုင်ဟု ဦးဝင်းထိန်ကဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်လုံးကို ၂၀၂၀ မှာပြန်မပါစေချင်တာကတော့ ဆန္ဒအပြည့်အဝပဲပေါ့။ ပြန်ပါလာခဲ့မယ်ဆိုရင် နိုင်ငံရေးလုပ်စားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်သွားမယ်လို့ပဲယူဆပါတယ်။ ပြည်သူကိုအကျိုးပြုမယ့် ကိုယ်စားလှယ်တွေ မဖြစ်နိုင်ဘူး၊ လုပ်စားမယ့် ကိုယ်စားလှယ်တွေပဲဖြစ်သွားမယ်။”ဟု ဦးဝင်းထိန်ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေဖြင့် လက်ရှိ သက်တမ်းကာလတွင်လုပ်လွဲချော်သည့် လုပ်ဆောင်ချက်များပြုလုပ်ခဲ့သည့်တွက် လာမည့်ရွေးကောက်ပွဲတွင် ၎င်း တို့ကျေးရွာအုပ်စုရှိ ပြည်သူအများစုက မဲထည့်မည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ကျွန်တော်တို့ကျေးရွာအုပ်စုကတော့ သူတို့ကြားကာလမှာ လာသေးတယ် ၄ လပိုင်း၅ လပိုင်းလောက်က လာတဲ့အခါမှာ လုပ်ဆောင်မှုတွေလွှဲချော်နေတဲ့အတွက် ၂၀၂၀ မှာတော့ခင်ဗျားတို့ မဲတော့မရဘူး ခဲဘဲ ရမယ်လို့ လူတွေကဝိုင်းပြောလိုက်တာ။ကျေးရွာက အမျိုးသမီး၊အမျိုးသား အကုန်လုံးကဝိုင်းပြောလိုက်တာ။”ဟု ဦးဝင်းထိန်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေးဒရဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ညို၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးသန်းလွင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးခင်ဝင်တို့ ၃ဦးဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် ပြန်လည်ပါဝင်လာခဲ့သည်။

#PeopleMedia


Share this post