• Follow Us on

Home ဘရာဇီးဆရာ၀န္မ်ား COVID-19 ကာကြယ္ေဆးစမ္းသပ္အထိုးခံ

ဘရာဇီးဆရာ၀န္မ်ား COVID-19 ကာကြယ္ေဆးစမ္းသပ္အထိုးခံ

Share this post

ေဆာ္ပိုလို၊ ဇူလိုင္ ၃၀

ဘရာဇီးႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ားကိုကုသေပးေနသည့္ က်န္းမာေရးဝန္ထမ္းမ်ားက ကာကြယ္ေဆး အစမ္းသပ္ခံေနၾကသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအျမင့္ဆုံး ကမာၻ႔ဒုတိယေနရာမွဘရာဇီးအတြက္ ကာကြယ္ေဆးအျမန္ဆုံးေပၚလာရန္ ေရွ႕တန္းမွကုသမႈေပးေနသည့္က်န္းမာေရးဝန္ထမ္းမ်ားက စမ္းသပ္ခံသြားမည္ျဖစ္သည္။

တစ္ေန႔လွ်င္ ကူးစက္ခံရသူ ၇၀၀၀၀ နီးပါး႐ွိေန႔သည့္အေမရိကန္ေနာက္တြင္ တစ္ေန႔လူနာ ၃ ေသာင္းနီးပါးကူးစက္ခံေနရသည့္ ဘရာဇီးႏိုင္ငံ႐ွိေနသည္။

ဘရာဇီးႏိုင္ငံတြင္ COVID-19 ေၾကာင့္ေသဆံုးသူ ၉၀၁၈၈ ေယာက္ႏွင့္ ကူးစက္ခံရသူ ၂၅၅၅၅၁၈ ေယာက္႐ွိေနသည္။
ေအာင္ျမင္ရန္အနီးကပ္ဆံုး႐ွိေနသည့္ ေအာက္စဖို႔တကၠသိုလ္ႏွင့္ AstraZeneca ကုမၸဏီတို႔ပူးေပါင္းထုတ္လုပ္ေနသည့္ကာကြယ္ေဆးကို ဘရာဇီးက်န္းမာေရး၀န္ထမ္းအေယာက္ ၅၀၀၀ က စမ္းသပ္ခံမည္ျဖစ္သည္။

ဘရာဇီးစီးပြားေရးၿမိဳ႕ေတာ္ေဆာ္ပိုလိုသည္ ႏိုင္ငံတြင္းကို႐ိုနာဗိုင္းရပ္စ္စတင္ကူးစက္သည့္ေနရာျဖစ္ၿပီး ကူးစက္ခံရသူ ၂.၅ သန္းေက်ာ္ႏွင့္ ေသဆံုးသူ ၉ ေသာင္းေက်ာ္႐ွိသျဖင့္ တစ္ႏိုင္ငံလံုးကူးစက္ခံရသူအေရအတြက္နီးပါး႐ွိေနသည္။
ၿပီးခဲ့သည့္တစ္ပတ္ကလည္း တ႐ုတ္ႏိုင္ငံမွ Sinovac Biotech ကုမၸဏီထုတ္ CoronaVac ကာကြယ္ေဆး အဆင့္ ၃ လူသားတြင္စမ္းသပ္မႈကို ဘရာဇီးက်န္းမာေရး၀န္ထမ္းမ်ားက စမ္းသပ္ခံခဲ့သည္။

ေစတနာ့ဝန္ထမ္းမ်ားသည္ အသက္ ၁၈ ႏွစ္မွ ၅၅ ႏွစ္အတြင္းရွိၿပီး လူနာေစာင့္ေရွာက္သည့္အေတြ႕အႀကဳံ႐ွိရမည့္အျပင္ က်န္းမာေရးအေျခအေနေကာင္းမြန္သူျဖစ္ရမည္ဟုသိရသည္။

ယခုေဆးထိုးခံသူတစ္၀က္ကို ကာကြယ္ေဆးထိုးေပးမည္ျဖစ္ၿပီး ေနာက္တစ္၀က္ကို အစားထိုးအာနိသင္မဲ့ေဆးထိုးေပးမည္ျဖစ္သည္။

ရလဒ္ကို တစ္ႏွစ္အၾကာမွသိရမည္ျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအမ်ိဳး ၁၀၀ ေက်ာ္ကို ကမာၻတစ္လႊားကသိပၸံပညာ႐ွင္ေတြစမ္းသပ္ေဖာ္ထုတ္ေနပါတယ္။

Ref : Brazil doctors volunteer to test coronavirus vaccines

#PeopleMedia

(Unicode)
ဘရာဇီးဆရာဝန်များ COVID-19 ကာကွယ်ဆေးစမ်းသပ်အထိုးခံ
…………………………………………….

ဆော်ပိုလို၊ ဇူလိုင် ၃၀

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများကိုကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး အစမ်းသပ်ခံနေကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအမြင့်ဆုံး ကမာ္ဘ့ဒုတိယနေရာမှဘရာဇီးအတွက် ကာကွယ်ဆေးအမြန်ဆုံးပေါ်လာရန် ရှေ့တန်းမှကုသမှုပေးနေသည့်ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်ခံသွားမည်ဖြစ်သည်။

တစ်နေ့လျှင် ကူးစက်ခံရသူ ၇၀၀၀၀ နီးပါးရှိနေ့သည့်အမေရိကန်နောက်တွင် တစ်နေ့လူနာ ၃ သောင်းနီးပါးကူးစက်ခံနေရသည့် ဘရာဇီးနိုင်ငံရှိနေသည်။

ဘရာဇီးနိုင်ငံတွင် COVID-19 ကြောင့်သေဆုံးသူ ၉၀၁၈၈ ယောက်နှင့် ကူးစက်ခံရသူ ၂၅၅၅၅၁၈ ယောက်ရှိနေသည်။
အောင်မြင်ရန်အနီးကပ်ဆုံးရှိနေသည့် အောက်စဖို့တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်နေသည့်ကာကွယ်ဆေးကို ဘရာဇီးကျန်းမာရေးဝန်ထမ်းအယောက် ၅၀၀၀ က စမ်းသပ်ခံမည်ဖြစ်သည်။

ဘရာဇီးစီးပွားရေးမြို့တော်ဆော်ပိုလိုသည် နိုင်ငံတွင်းကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်သည့်နေရာဖြစ်ပြီး ကူးစက်ခံရသူ ၂.၅ သန်းကျော်နှင့် သေဆုံးသူ ၉ သောင်းကျော်ရှိသဖြင့် တစ်နိုင်ငံလုံးကူးစက်ခံရသူအရေအတွက်နီးပါးရှိနေသည်။
ပြီးခဲ့သည့်တစ်ပတ်ကလည်း တရုတ်နိုင်ငံမှ Sinovac Biotech ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေး အဆင့် ၃ လူသားတွင်စမ်းသပ်မှုကို ဘရာဇီးကျန်းမာရေးဝန်ထမ်းများက စမ်းသပ်ခံခဲ့သည်။

စေတနာ့ဝန်ထမ်းများသည် အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိပြီး လူနာစောင့်ရှောက်သည့်အတွေ့အကြုံရှိရမည့်အပြင် ကျန်းမာရေးအခြေအနေကောင်းမွန်သူဖြစ်ရမည်ဟုသိရသည်။

ယခုဆေးထိုးခံသူတစ်ဝက်ကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး နောက်တစ်ဝက်ကို အစားထိုးအာနိသင်မဲ့ဆေးထိုးပေးမည်ဖြစ်သည်။

ရလဒ်ကို တစ်နှစ်အကြာမှသိရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအမျိုး ၁၀၀ ကျော်ကို ကမာ္ဘတစ်လွှားကသိပ္ပံပညာရှင်တွေစမ်းသပ်ဖော်ထုတ်နေပါတယ်။

Ref : Brazil doctors volunteer to test coronavirus vaccines

#PeopleMedia


Share this post