• Follow Us on
Latest News

Home ေဖာဘတ္စ္မဂၢဇင္းကေ႐ြးခ်ယ္သည့္ ကမာၻ႔အာဏာအ႐ွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္းတြင္ ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ အဆင့္ ၃၉ ရ႐ွိ

ေဖာဘတ္စ္မဂၢဇင္းကေ႐ြးခ်ယ္သည့္ ကမာၻ႔အာဏာအ႐ွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္းတြင္ ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ အဆင့္ ၃၉ ရ႐ွိ

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာက ေဖာဘတ္စ္မဂၢဇင္းကသတ္မွတ္သည့္ ယခုႏွစ္အတြက္ကမာၻ႔အာဏာအ႐ွိဆံုးအမ်ိဳး သမီး ၁၀၀ စာရင္းတြင္ အဆင့္ ၃၉ ရ႐ွိသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ မစၥ ဟာဆီနာ အဆင့္ ၂၉ ရခဲ့သည္။

ဟာဆီနာသည္ ဘဂၤလားေဒ့႐ွ္သမိုင္းတေလွ်ာက္ သက္တမ္းအ႐ွည္ဆံုး၀န္ႀကီးခ်ဳပ္ျဖစ္ၿပီး လက္႐ွိတြင္ စတုတၳေျမာက္သက္တမ္း တာ၀န္ယူေနသည္။

ယခုသက္တမ္းသည္ ၀န္ႀကီးခ်ဳပ္၏ေနာက္ဆံုးသက္တမ္းျဖစ္မည္ဟုေမွ်ာ္လင့္ေနၿပီး အစားအစာေဘးကင္းေရးႏွင့္ က်န္းမာ ေရးႏွင့္ ပညာေရးရ႐ွိခံစားခြင့္မ်ားကို အာ႐ံုစိုက္ေနေၾကာင္း ၀န္ႀကီးခ်ဳပ္ကေျပာသည္ဟု ေဖာဘတ္စ္ကေဖာ္ျပသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ခိုင္မာသည့္ဒီမိုကေရစီစနစ္တခုေဖာ္ေဆာင္ႏိုင္ရန္ ႐ွိတ္ ဟာဆီနာကလုပ္ေဆာင္ေနသည္ဟုလည္း ေဖာ္ျပသည္။

ယခုႏွစ္ အာဏာအ႐ွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္း၌ ဂ်ာမနီအဓိပတိ အန္ဂ်လာ မာကယ္က အဆင့္ ၁ ေနရာတြင္ ၁၀ ႏွစ္ဆက္ တိုက္ ရပ္တည္ေနၿပီး ဥေရာပဗဟိုဘဏ္ဥကၠ႒ ခရစၥတင္း လာဂါဒီက အဆင့္ ၂၊ အေမရိကန္ေ႐ြးေကာက္ခံ ဒုတိယသမၼတ ကမ္မလာ ဟားရစ္က အဆင့္ ၃ ေနရာတို႔တြင္႐ွိေနသည္။

Ref : PM Hasina ranks 39th among Forbes’ 100 most powerful women of the world

#PeopleMedia

(unicode)
ဖောဘတ်စ်မဂ္ဂဇင်းကရွေးချယ်သည့် ကမ္ဘာ့အာဏာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အဆင့် ၃၉ ရရှိ
………………………………………………

ဒါကာ၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ဖောဘတ်စ်မဂ္ဂဇင်းကသတ်မှတ်သည့် ယခုနှစ်အတွက်ကမ္ဘာ့အာဏာအရှိဆုံးအမျိုး သမီး ၁၀၀ စာရင်းတွင် အဆင့် ၃၉ ရရှိသည်။ ပြီးခဲ့သည့်နှစ်တွင် မစ္စ ဟာဆီနာ အဆင့် ၂၉ ရခဲ့သည်။

ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်သမိုင်းတလျှောက် သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်ပြီး လက်ရှိတွင် စတုတ္ထမြောက်သက်တမ်း တာဝန်ယူနေသည်။

ယခုသက်တမ်းသည် ဝန်ကြီးချုပ်၏နောက်ဆုံးသက်တမ်းဖြစ်မည်ဟုမျှော်လင့်နေပြီး အစားအစာဘေးကင်းရေးနှင့် ကျန်းမာ ရေးနှင့် ပညာရေးရရှိခံစားခွင့်များကို အာရုံစိုက်နေကြောင်း ဝန်ကြီးချုပ်ကပြောသည်ဟု ဖောဘတ်စ်ကဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုင်မာသည့်ဒီမိုကရေစီစနစ်တခုဖော်ဆောင်နိုင်ရန် ရှိတ် ဟာဆီနာကလုပ်ဆောင်နေသည်ဟုလည်း ဖော်ပြသည်။

ယခုနှစ် အာဏာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်း၌ ဂျာမနီအဓိပတိ အန်ဂျလာ မာကယ်က အဆင့် ၁ နေရာတွင် ၁၀ နှစ်ဆက် တိုက် ရပ်တည်နေပြီး ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ ခရစ္စတင်း လာဂါဒီက အဆင့် ၂၊ အမေရိကန်ရွေးကောက်ခံ ဒုတိယသမ္မတ ကမ်မလာ ဟားရစ်က အဆင့် ၃ နေရာတို့တွင်ရှိနေသည်။

Ref : PM Hasina ranks 39th among Forbes’ 100 most powerful women of the world

#PeopleMedia


Share this post