• Follow Us on

Home ရန္ကင္းၿမိဳ႕ရွိ ေဇာတိကသကၤန္းတိုက္ လုယက္ခံရ

ရန္ကင္းၿမိဳ႕ရွိ ေဇာတိကသကၤန္းတိုက္ လုယက္ခံရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းၿမိဳ႕နယ္ရွိ မိုးေကာင္းေဇာတိကသကၤန္းတိုက္ကို ယေန႔ နံနက္က ဝင္ေရာက္လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲကင္းၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက People Media သို႔ ေျပာသည္။
 
“ျဖစ္စဥ္ကေတာ့ ဟုတ္ပါတယ္၊ စစ္ေဆးေဆာင္ရြက္ေနပါတယ္” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
 
ေဇာတိကသကၤန္းတိုက္အတြင္းသို႔ အမည္မသိသူတစ္ဦးမွ ဆိုင္တြင္းသို႔ ဝင္ေရာက္ကာ လုယက္မႈေၾကာင့္ ထိခိုက္ပ်က္စီးမႈ မရွိခဲ့ေသာ္လည္း ေငြက်ပ္ေသာင္းဂဏန္း ယူေဆာင္သြားေၾကာင္း သိရသည္။
 
လက္ရွိ တရားခံဖမ္းဆီးနိုင္ေရးအတြက္ အေသးစိတ္စစ္ေဆးေနၿပီး မၾကာမီ အမႈဖြင့္လွစ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကင္းၿမိဳ႕မရဲစခန္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။
 
Photo – Yangon Police (လုံၿခဳံေရးေဆာင္ရြက္ေနမႈ)
 
#PeopleMedia #ရန္ကင္းၿမိဳ႕ #ေဇာတိကသကၤန္းတိုက္ #လုယက္မ
 
(unicode)
ရန်ကင်းမြို့ရှိ ဇောတိကသင်္ကန်းတိုက် လုယက်ခံရ
………………………….
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဇောတိကသင်္ကန်းတိုက်ကို ယနေ့ နံနက်က ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲကင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက People Media သို့ ပြောသည်။
 
“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ စစ်ဆေးဆောင်ရွက်နေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
 
ဇောတိကသင်္ကန်းတိုက်အတွင်းသို့ အမည်မသိသူတစ်ဦးမှ ဆိုင်တွင်းသို့ ဝင်ရောက်ကာ လုယက်မှုကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ငွေကျပ်သောင်းဂဏန်း ယူဆောင်သွားကြောင်း သိရသည်။
 
လက်ရှိ တရားခံဖမ်းဆီးနိုင်ရေးအတွက် အသေးစိတ်စစ်ဆေးနေပြီး မကြာမီ အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကင်းမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
Photo – Yangon Police (လုံခြုံရေးဆောင်ရွက်နေမှု)
 
#PeopleMedia #ရန်ကင်းမြို့ #ဇောတိကသင်္ကန်းတိုက် #လုယက်မှု

Share this post