• Follow Us on
Latest News

Home ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်း ဖွဲ့စည်းထားသော လွှတ်တော်ကော်မတီများအနေဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု UEC သစ်ထုတ်ပြန်

ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်း ဖွဲ့စည်းထားသော လွှတ်တော်ကော်မတီများအနေဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု UEC သစ်ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း လွှတ်တော်အသီးသီး၏ ကိုယ်စားပြုကော်မတီအမည်ဖြင့် ဖွဲ့ စည်းထားသော အဖွဲ့အစည်းများသည် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ် ပြန်လိုက်သည်။

 

ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုများနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စစ်ဆေး တွေ့ရှိချက်များကို ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း မိမိတို့ သဘော လျောက်လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းခြင်း၊ ယင်းကော်မတီမှ အသိပေးကြေညာချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်များခန့်အပ်ခြင်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေခြင်းများသည် တည်ဆဲဥပဒေများအရ တရားဝင်ခြင်းမရှိကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်းလွှတ်တော်အသီးသီး၏ ကိုယ်စားပြုကော်မတီ အမည်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ များနှင့် ညီညွှတ်မှုမရှိသည့်အပြင် ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်များသည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိ ပြားရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း တွေရှိရသဖြင့် ဆက်လက် ဆောင်ရွက်နေပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်လိုက်သည်။

 

#PeopleMedia

 

(unicode)

……………………………………………………






#PeopleMedia


Share this post