• Follow Us on
Latest News

Home ေမာင္ေတာၿမိဳ႕နယ္၌ မူးယစ္ေဆးဝါးသယ္ေဆာင္လာသူအား ပစ္ခတ္ဖမ္းဆီး ရာမွေသဆုံး

ေမာင္ေတာၿမိဳ႕နယ္၌ မူးယစ္ေဆးဝါးသယ္ေဆာင္လာသူအား ပစ္ခတ္ဖမ္းဆီး ရာမွေသဆုံး

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၂
၂၀၂၀ ျပည့္ႏွစ္၊ေအာက္တိုဘာလ ၁၁ ရက္ နံနက္ ၁ နာရီခြဲခန႔္တြင္ ေမာင္ေတာၿမိဳ႕နယ္ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕၏လိပ္ရကင္းစခန္းႏွင့္ ႏွစ္နိုင္ငံနယ္စပ္ၿခံစည္းရိုးအၾကားျမန္မာပိုင္နက္၌နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားလွည့္ကင္းေဆာင္ရြက္ေနစဥ္ နယ္စပ္ၿခံစည္းရိုးအားတရားမဝင္ျဖတ္သန္းခိုးထြက္ရန္ ခ်ဥ္းကပ္လာၿပီးအထုပ္ ၂ ထုပ္ထမ္းလာသည့္ အမ်ိဳးသားတစ္ဦးအားမသကၤာဖြယ္ေတြ႕ရွိေၾကာင္း၊စစ္ေဆးထိန္းခ်ဳပ္ရန္တားဆီးရာအထုပ္ ၂ထုပ္အားပစ္ခ် ေနာက္ေၾကာင္းျပန္ထြက္ေျပးသျဖင့္ အခ်ိန္ကာလႏွင့္ နယ္ေျမေဒသလုံျခဳံေရးအေျခအေနအရပစ္ခတ္ဟန႔္တားခဲ့ရာက်ည္ထိမွန္ဒဏ္ရာရရွိနိုင္ေသာ္လည္းထြက္ေျပးသြားခဲ့၊ ၎ပစ္ခ်ခဲ့သည့္ အထုပ္မ်ားအားဖြင့္ေဖာက္စစ္ေဆးရာပလပ္စတစ္အိတ္မ်ားျဖင့္ ထည့္သြင္းထုပ္ပိုးထားသည့္ WY/R စာတန္းပါ စိတ္ႂကြေဆးျပား ၁၀၅၀၅၀ ျပား(၁ ျပားလၽွင္ ၂၀၀၀ က်ပ္ႏႈန္းျဖင့္ တန္ဖိုးေငြက်ပ္ ၂၁၀၁ သိန္း)၊ MPT ဆင္းကဒ္ပါ ဖုန္း ၁ လုံးတို႔အားသိမ္းဆည္းရမိခဲ့သည္။
နံနက္လင္းခ်ိန္၌ တရားခံထြက္ေျပးရာလမ္းေၾကာင္းတစ္ေလ်ာက္ နယ္ေျမရွင္းလင္းျခင္းမ်ားေဆာင္ရြက္ခဲ့ရာပစ္ခတ္သည့္ေနရာႏွင့္ကိုက္ ၅၀၀ ခန႔္အကြာျခဳံပုတ္မ်ားအတြင္း၌ အမ်ိဳးသားအေလာင္းအားဦးေခါင္းဝဲဘက္ႏွင့္ဝဲတင္ပါးက်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ေတြ႕ရွိရေၾကာင္းသိမ္းဆည္းရမိဖုန္းအတြင္းရွိဓာတ္ပုံမွတ္တမ္းမ်ားႏွင့္ရြာႏွင့္လူဦးေရစာရင္းမွတ္တမ္းမ်ားတိုက္ဆိုင္စိစစ္ရာေသဆုံးတရားခံမွာေဆြတာေလာင္(၃၁)ႏွစ္၊ (ဖ)ရွီကန္ေသာ္ယခင္ လိပ္ရ(ေျမာက္)ေက်းရြာမွ တစ္ဖက္ဘဂၤလားေဒ့ရ္ွနိုင္ငံရွိဒုကၡသည္စခန္းသို႔ သြားေရာက္ေနထိုင္ေနသူျဖစ္ေၾကာင္း၊ စာရင္းမွတ္တမ္းမ်ားအရလက္ရွိရြာတြင္ ေနထိုင္သူမဟုတ္ေၾကာင္းစိစစ္ေတြ႕ရွိရၿပီးျမန္မာနိုင္ငံအတြင္းသို႔ တရားမဝင္ျပန္လည္ခိုးဝင္ကာမူးယစ္ေဆးဝါးမ်ားလာေရာက္သယ္ေဆာင္သူျဖစ္ေၾကာင္းသိရွိရသျဖင့္ဥပေဒႏွင့္အညီအမႈေရးဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္းျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
#PeopleMedia #မူးယစ္ #ျမန္မာနိုင္ငံရဲတပ္ဖြဲ႕
(unicode)
မောင်တောမြို့နယ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူအားပစ်ခတ်ဖမ်းဆီး ရာမှသေဆုံး
…………………………………………………………
ရန်ကုန်၊ အောက်တိုဘာ – ၁၂
၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလ ၁၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့၏လိပ်ရကင်းစခန်းနှင့် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအကြားမြန်မာပိုင်နက်၌နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလှည့်ကင်းဆောင်ရွက်နေစဉ် နယ်စပ်ခြံစည်းရိုးအားတရားမဝင်ဖြတ်သန်းခိုးထွက်ရန် ချဉ်းကပ်လာပြီးအထုပ် ၂ ထုပ်ထမ်းလာသည့် အမျိုးသားတစ်ဦးအားမသင်္ကာဖွယ်တွေ့ရှိကြောင်း၊စစ်ဆေးထိန်းချုပ်ရန်တားဆီးရာအထုပ် ၂ထုပ်အားပစ်ချ နောက်ကြောင်းပြန်ထွက်ပြေးသဖြင့် အချိန်ကာလနှင့် နယ်မြေဒေသလုံခြုံရေးအခြေအနေအရပစ်ခတ်ဟန့်တားခဲ့ရာကျည်ထိမှန်ဒဏ်ရာရရှိနိုင်သော်လည်းထွက်ပြေးသွားခဲ့၊ ၎င်းပစ်ချခဲ့သည့် အထုပ်များအားဖွင့်ဖောက်စစ်ဆေးရာပလပ်စတစ်အိတ်များဖြင့် ထည့်သွင်းထုပ်ပိုးထားသည့် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၁၀၅၀၅၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၁၀၁ သိန်း)၊ MPT ဆင်းကဒ်ပါ ဖုန်း ၁ လုံးတို့အားသိမ်းဆည်းရမိခဲ့သည်။
နံနက်လင်းချိန်၌ တရားခံထွက်ပြေးရာလမ်းကြောင်းတစ်လျောက် နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာပစ်ခတ်သည့်နေရာနှင့်ကိုက် ၅၀၀ ခန့်အကွာခြုံပုတ်များအတွင်း၌ အမျိုးသားအလောင်းအားဦးခေါင်းဝဲဘက်နှင့်ဝဲတင်ပါးကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်းသိမ်းဆည်းရမိဖုန်းအတွင်းရှိဓာတ်ပုံမှတ်တမ်းများနှင့်ရွာနှင့်လူဦးရေစာရင်းမှတ်တမ်းများတိုက်ဆိုင်စိစစ်ရာသေဆုံးတရားခံမှာဆွေတာလောင်(၃၁)နှစ်၊ (ဖ)ရှီကန်သော်ယခင် လိပ်ရ(မြောက်)ကျေးရွာမှ တစ်ဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိဒုက္ခသည်စခန်းသို့ သွားရောက်နေထိုင်နေသူဖြစ်ကြောင်း၊ စာရင်းမှတ်တမ်းများအရလက်ရှိရွာတွင် နေထိုင်သူမဟုတ်ကြောင်းစိစစ်တွေ့ရှိရပြီးမြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ပြန်လည်ခိုးဝင်ကာမူးယစ်ဆေးဝါးများလာရောက်သယ်ဆောင်သူဖြစ်ကြောင်းသိရှိရသဖြင့်ဥပဒေနှင့်အညီအမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #မူးယစ် #မြန်မာနိုင်ငံရဲတပ်ဖွဲ့


Share this post