• Follow Us on
Latest News

Home အောင်မြေသာစံမြို့နှင့် ပြင်ဦးလွင်မြို့၌ ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

အောင်မြေသာစံမြို့နှင့် ပြင်ဦးလွင်မြို့၌ ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

Share this post

မန္တလေး၊ နိုဝင်ဘာ ၂၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ယာဉ်ဖြင့် သယ်ဆောင်လာ သည့် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကျက်ယက်ဆိပ်ကမ်းတွင် သတင်းအရရှာဖွေရာ သဲကိုကိုဦး မောင်းနှင်ပြီး အောင်မျိုးသန့် လိုက်ပါလာသည့် ၆ ဘီးဆီဘောက်ဆာ ယာဉ်နှင့် ရပ်တန့်ထားသည့် ၂၂ ဘီးယာဉ်ပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ ယာဉ်အတွင်း၌ ဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဆပ်ပြာခွက် ၃၃၀၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅၈ သိန်း သိမ်းဆီးရမိကြောင်း သိရ ပါတယ်။

 

အလားတူ ၎င်းတို့အားစစ်ဆေးချက်အရ နိုဝင်ဘာ ၁၉ ရက်နေ့တွင် မတ္တရာမြို့နယ်၊ မြောက်တံငါကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာရာတွင် ပူးပေါင်းသူများဖြစ်ကြသည့် ဇော်တင့်အောင်နှင့် ရဲစောနောင်တို့ မောင်းနှင်လာသည့် မောင်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ မတ္တရာမြို့၊ အမှတ်(၂ ) ရပ်ကွက် နံ့သာ တောင်ကျေးရွာဝင်းလမ်းတွင် စောမွှေးတို့အား ငွေကျပ် ၁၀ သိန်းရရှိခဲ့ကြောင်း သိရပါတယ်။

 

ထို့အတူ ၎င်းကွင်းဆက်အရ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မိုးကြိုးပစ်ကျေးရွာအနီး၌ ရပ်တန့်ထား သည့် ၂၂ ဘီးယာဉ် တွဲကားယာဉ်အတွင်း၌ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဆပ်ပြာခွက် ၄၆၀၀ ခွက်ဖြင့်ထည့်ထားသည့် ဘီန်းဖြူ ၄၆ ကီလိုနှင့် စိတ်ကြွရူး သွပ်ဆေးပြား ၂၀၀၀၀ သိမ်း ဆည်းရမိပြီး စုစုပေါင်းငွေကျပ် ၂ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၇၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၈၀၀၀ သိမ်းဆည်းရမိကြောင်း သိရပါတယ်။

 

အဆိုပါ ယာဉ်ထဲ၌ သယ်ဆောင်လာသည့် ဘိန်းများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ပြီး ထိုဖမ်းဆီးရမိသူ အမျိုးသား ၅ ဦးကို ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း CCDAC Myanmar မှ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

 

Photo – Credit

 

#PeopleMedia #မူးယစ်

 

(unicode)


…………………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၂၂ (People Media)

 


 


 


 


 


 


 

Photo – Credit

 



Share this post